နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင် ပန်းတနော်မြို့နယ်ရှိ ကျောင်းဆောင်သစ်ဖွင့်ပွဲများ တက်ရောက်ဖွင့်လှစ်

 

ပန်းတနော်   မေ   ၂၁


ဧရာဝတီတိုင်းဒေသကြီး ပန်းတနော် မြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း   နှစ်ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်း အနားကို   ယနေ့နံနက်ပိုင်းတွင် အဆိုပါ ကျောင်းပရိဝုဏ်၌ ကျင်းပ သည်။

 


ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီဝင်  မန်းငြိမ်းမောင်၊   ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ်     ဦးတင် မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်   တိုင်းမှူး  ဗိုလ်ချုပ် အောင်အောင်တို့က ကျောင်းဆောင်  သစ်ဆိုင်းဘုတ်ကို  ဖဲကြိုးဖြတ်  ဖွင့်လှစ်ပေးကြပြီး       ကမ္ပည်း ဆိုင်းဘုတ်ကို   အမွှေးနံ့သာရည် ပက်ဖျန်းပေးကြသည်။

 


ယင်းနောက်     နိုင်ငံတော် စီမံအုပ်ချုပ်ရေး      ကောင်စီဝင်၊ တိုင်းဒေသကြီး  ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် ကျောင်းဆောင် သစ်ကို    လှည့်လည်ကြည့်ရှုကြသည်။

 


ထို့နောက်   အခမ်းအနားကို ဆက်လက်ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး      ကောင်စီဝင် မန်းငြိမ်းမောင်က      နိုင်ငံတော် စီမံအုပ်ချုပ်ရေး   ကောင်စီအဖွဲ့ ကိုယ်စား    ကျေးဇူးတင်ဂုဏ်ပြု စကား   ပြောကြားပြီး   မိမိတို့၏ ကျောင်းသားလူငယ်များ တည်ငြိမ် အေးချမ်းစွာ ပညာရေးသင်ကြား ခွင့်ရရှိနိုင်ရေး     ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ ဆရာ  ဆရာမ များအနေဖြင့် ကျောင်းသားလူငယ် များကို    ပြုစုပျိုးထောင်ရာတွင် မေတ္တာ   စေတနာ    အပြည့်ဖြင့်  ကြိုးစား  ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း၊ ကျောင်းနေ ပျော်၍ စာတော်ရသည့် ကလေး ငယ်များဖြစ်အောင် အဘက်ဘက် က      ဝိုင်းဝန်းပျိုးထောင်ပေးကြ စေလိုကြောင်း ပြောကြားသည်။ 

 


ဆက်လက်၍  တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ကျောင်းဆောင်သစ်များ   ဖွင့်လှစ် ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ် ချက်နှင့် ပညာရေးကဏ္ဍဆိုင်ရာ လုပ်ငန်းစဉ်များကို    ရှင်းလင်း ပြောကြားသည်။

 


ယင်းနောက် ကျောင်းအကျိုး တော်ဆောင်က ဒေသခံပြည်သူ များနှင့် ကျောင်းသား ကျောင်းသူ များကိုယ်စား နိုင်ငံတော်အစိုးရ အား ကျေးဇူးတင်စကားပြောကြား သည်။

 


ထို့နောက်       နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်     တိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့သည်     ဒေါင့်ကြီးကွက်သစ် အခြေခံပညာ  မူလတန်းကျောင်း သို့    ရောက်ရှိကြပြီး   တစ်ထပ် ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်၍ ကျောင်း ဆောင်သစ်ဆိုင်းဘုတ်ကို ဖဲကြိုး ဖြတ်    ဖွင့်လှစ်ပေးကြပြီး ကမ္ပည်းဆိုင်းဘုတ်အား   အမွှေး နံ့သာရည် ပက်ဖျန်းပေးကြသည်။

 


ယင်းနောက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် တိုင်းမှူး နှင့် တာဝန်ရှိသူများသည် အစုကြီး ကျေးရွာ   အခြေခံပညာအထက် တန်းကျောင်း တစ်ထပ်ကျောင်း ဆောင်သစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြပြီး ကျောင်းဆောင် သစ်ဆိုင်းဘုတ်ကို   ဖဲကြိုးဖြတ်  ဖွင့်လှစ်ပေးကာ ကမ္ပည်းဆိုင်းဘုတ် အား အမွှေးနံ့သာရည်  ပက်ဖျန်း ပေးကြသည်။

 


ဖွင့်ပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်         စီမံအုပ်ချုပ်ရေး ကောင်စီဝင် မန်းငြိမ်းမောင်သည် ဌာနဆိုင်ရာ       တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊    ဒေသခံပြည်သူ များနှင့်    ရင်းရင်းနှီးနှီး   တွေ့ဆုံ အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်