မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ်ညီလာခံကျင်းပရန် ငွေလှူဒါန်း

 

 

ရန်ကုန်  မေ  ၁၇
မြန်မာနိုင်ငံ  စာရေးဆရာအသင်း တတိယအကြိမ် ညီလာခံကျင်းပရန်အတွက် အလှူရှင်များက အလှူ ငွေများလှူဒါန်းကြရာ စာရေးဆရာ စိုးတင့်(ဧရာဝတီ)မိသားစုက အလှူငွေကျပ် နှစ်သိန်း၊  စာရေးဆရာ ဖေသောရီနှင့် သမီးဇွန်ပွင့်စံက အလှူငွေကျပ် တစ် သိန်း၊  စာရေးဆရာ   အောင်ကြည်ညွန့် (တက္ကသိုလ်) မိသားစုက ငွေကျပ်ငါးသောင်း ပေးအပ်လှူဒါန်းရာ ဘဏ္ဍာငွေရှာဖွေရေး   လုပ်ငန်းကော်မတီ   ဥက္ကဋ္ဌ     ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)နှင့်အသင်း အတွင်း ရေးမှူး ဦးညွန့်တင်(မောင်ငြိမ်းသူ-ကြို့ပင်ကောက်)တို့က လက်ခံရယူပြီး    ကျေးဇူးတင်စကား  ပြန်လည်ပြောကြားသည်။                  သတင်းစဉ်