နေပြည်တော် မေ ၁၇
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ ဝင်/ဝန်ထမ်းအရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီး ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ ပုဗ္ဗသီရိမြို့နယ်ရှိ ဉာဏဂုဏ်ရည်စာသင်တိုက်သို့လည်းကောင်း၊ ကချင်ပြည်နယ် မိုးညှင်း မြို့နယ်ရှိ ပရမအာရုံပြုနည်းပြ ကျောင်းတိုက်သို့လည်းကောင်း၊ ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ ဗောဓိပရိယတ္တိ စာသင်တိုက်သို့ လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ်ရှိ သစ္စာတံခွန် မိုးကုတ်ရိပ်သာ ကျောင်းတိုက်သို့ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး သာယာဝတီ မြို့နယ်ရှိ မဟာထူပါရုံပရိယတ္တိ စာသင်တိုက်သို့ လည်းကောင်း၊ ရှမ်းပြည်နယ် လားရှိုးမြို့နယ်ရှိ နတ်ရေကန် သောဘိတာရာမ ပရိယတ္တိစာသင်တိုက်သို့ လည်း ကောင်း ဆရာတော်၊ သံဃာတော် များအတွက် ဆွမ်းဆန်တော်များ ကို တာဝန်ရှိသူများက သွားရောက် ဆက်ကပ် လှူဒါန်းကြကြောင်း သိရသည်။ သတင်းစဉ်



