နေပြည်တော် မေ ၁၇
မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့က ကြီးမှူးကျင်းပသည့် ကဆုန်လပြည့် (ဗုဒ္ဓနေ့) တွင် သံဃာတော် ၁၀၂၆၄ ပါးတို့ကို ပစ္စည်းလေးပါး လောင်းလှူပွဲ၊ ရတနာပုံ ဥယျာဉ်ဖွင့်ပွဲနှင့် မဟာ သင်္ကြန်ဖွင့်ပွဲတို့တွင် ပါဝင် ဆောင်ရွက်ခဲ့သည့် ပုဂ္ဂိုလ်များ အား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့ မွန်းလွဲပိုင်းတွင် မန္တလေးမြို့ မြို့တော်ခန်းမ၌ ပြုလုပ်ရာ တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ဂုဏ်ပြု ချီးမြှင့်ခံရသူများ တက်ရောက် ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီး ချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ကဆုန်လပြည့် (ဗုဒ္ဓနေ့) တွင် သံဃာတော် ၁၀၂၆၄ ပါးတို့ကို ပစ္စည်းလေးပါး လောင်းလှူပွဲ၊ ရတနာပုံ ဥယျာဉ်ဖွင့်ပွဲနှင့် မဟာသင်္ကြန် ဖွင့်ပွဲတို့တွင် ပါဝင် ဆောင်ရွက်ခဲ့ကြ သူများအား အထိမ်းအမှတ် ပစ္စည်းများ ပေးအပ်ကြရာ ဂုဏ်ပြု ချီးမြှင့်ခြင်း ခံရသူများကိုယ်စား တာဝန်ရှိသူ တစ်ဦးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့က တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့် ဂုဏ်ပြု ချီးမြှင့်ခြင်း ခံရသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်



