နေပြည်တော် မေ ၁၃
အနောက်တောင်တိုင်းစစ်ဌာနချုပ်၌ နွေရာသီ ကျောင်းပိတ်ရက် မှီခိုသူ သား/ သမီးများ အခြေခံ အင်္ဂလိပ်သဒ္ဒါနှင့် စကားပြောသင်တန်း၊ ကွန်ပျူတာ သင်တန်းနှင့် မြန်မာ့သိုင်းသင်တန်း သင်တန်းဆင်းပွဲ ကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် ဧရာဝတီ ခန်းမ၌ကျင်းပရာ တိုင်းမှူး ဗိုလ်ချုပ် အောင်အောင် နှင့် အဖွဲ့ဝင်များ၊ သင်တန်းနည်းပြများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းမှူးက သင်တန်းဆင်းမိန့်ခွန်း ပြောကြားပြီး သင်တန်းအသီးသီးမှ သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသား၊ သင်တန်း သူ တစ်ဦးစီအား သင်တန်းဆင်းအောင်လက်မှတ်များ အသီးသီးပေးအပ်ချီးမြှင့်၍ ဆရာမများအား အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။
ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက မြန်မာ့ သိုင်းသင်တန်းရှိ သင်တန်းသား၊ သင်တန်းသူများ၏ မြန်မာ့သိုင်းသရုပ်ပြသမှုများကို ကြည့်ရှုအားပေး သည်။
အဆိုပါ အခြေခံအင်္ဂလိပ်သဒ္ဒါနှင့် စကားပြော သင်တန်းကို သင်တန်းသား သင်တန်းသူ ၂၄ ဦး၊ ကွန်ပျူတာသင်တန်းကို သင်တန်းသား သင်တန်းသူ ၅၅ ဦးနှင့် မြန်မာ့သိုင်းသင်တန်းကို သင်တန်းသား သင်တန်းသူ ၆၂ ဦးတို့ဖြင့် ဧပြီ ၁၈ ရက်မှ ယနေ့ အထိ ဖွင့်လှစ်သင်ကြားခဲ့သည်။
ထို့အပြင် ယဉ်ကျေးလိမ္မာသင်တန်းကို တိုင်းစစ် ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း၊ တပ်ဖွဲ့များ တွင် ကျောင်းသား ကျောင်းသူ ၄၇၃ ဦးဖြင့် ဧပြီ ၁၈ ရက်မှ ယနေ့အထိ ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
သတင်းစဉ်



