နေပြည်တော် ဧပြီ ၂၆
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကရင်ပြည်နယ် ဘားအံ မြို့နယ်ရှိ အမိတာရာမရဲကျောင်းတိုက်သို့လည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီး မိုးညိုမြို့နယ်ရှိ စံကျောင်းတိုက်သို့လည်းကောင်း၊ မန္တလေး တိုင်းဒေသကြီး မလှိုင်မြို့နယ်ရှိ ရှစ်မျက်နှာပရိယတ္တိ စာသင်တိုက်သို့ လည်းကောင်း၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ ဆင်ဖြူစာသင် တိုက်သို့ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ ခေမာရာမ (ကျိုင်းတုံ) ကျောင်း တိုက်သို့လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။
သတင်းစဉ်



