ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်  “Seminar on ASEAN-Korea Culture and Tourism” သို့ အွန်လိုင်းမှ တက်ရောက်

 

 

နေပြည်တော်    ဧပြီ   ၂၆
အာဆီယံ - ကိုရီးယားဗဟိုဌာန၊   အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊   ကိုရီးယားခရီးသွားလုပ်ငန်းအဖွဲ့နှင့် Travie Magazine တို့မှကြီးမှူး၍ “Seminar on ASEAN-Korea Culture and Tourism” ဆွေးနွေးပွဲကို “ဒစ်ဂျစ်တယ် နည်းပညာဖြင့် ရေရှည်တည်တံ့ခိုင်မြဲပြီး ကြံ့ကြံ့ခံတုံ့ပြန်နိုင်စွမ်းရှိသော ခရီးသွားလုပ်ငန်းများ ဖော်ဆောင်ခြင်း” ခေါင်းစဉ်ဖြင့် ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် တာဝန်ရှိသူများနှင့်အတူ အွန်လိုင်းမှ ပါဝင်တက်ရောက် ကြသည်။  (ယာပုံ)
အဖွင့်အမှာစကားပြောကြား
ဆွေးနွေးပွဲ ပထမနေ့ အစီအစဉ်တွင်  အာဆီယံ- ကိုရီးယားဗဟိုဌာနမှ အထွေထွေအတွင်းရေးမှူးချုပ် H.E. Mr. KIM Hae-yong က ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့်   ကမ္ဘာလုံးဆိုင်ရာ    ခရီးသွားလုပ်ငန်းနှင့် အခြားဆက်စပ်သောကဏ္ဍများ ထိခိုက်ခံစားခဲ့ရမှု၊ ကိုဗစ်-၁၉ အလွန် ခရီးသွားလုပ်ငန်း ပြန်လည်ရှင်သန် လာရန် ကြိုးစားရေးနှင့် တွေ့ကြုံရသောစိန်ခေါ်မှုများ၊ အာဆီယံနိုင်ငံများနှင့်    ကိုရီးယားနိုင်ငံတို့အကြား ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဒစ်ဂျစ်တယ်နည်းပညာ    အသုံးပြုခြင်းမှတစ်ဆင့် ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်း တည်ထောင် ခြင်းတို့နှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြား သည်။
ယင်းနောက် ကိုရီးယားခရီးသွားလုပ်ငန်းအဖွဲ့မှ အမှုဆောင်အရာရှိချုပ် Mr. AHN Young-bae က ကြံ့ကြံ့ခံတုံ့ပြန်နိုင်စွမ်းရှိပြီး       ရေရှည်တည်တံ့ သော ခရီးသွားလုပ်ငန်းကို ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုကာ တည်ဆောက်ရေး၊ အာဆီယံနိုင်ငံများ နှင့် ကိုရီးယားနိုင်ငံတို့အကြား အနာဂတ်ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်း ဆောင်ရွက်မှု တို့နှင့် စပ်လျဉ်း၍ ပြောကြားသည်။ ဆက်လက်၍ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အဖွဲ့အစည်း (OECD) ၏ ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ Mr. Sergio Guerreiro က Smart Tourism ဖော်ဆောင်ရာတွင် ဒစ်ဂျစ်တယ်နည်းပညာ၏အရေးပါ မှု၊ OECD အဖွဲ့အစည်း၏ ခရီးသွားလုပ်ငန်း ကဏ္ဍ ဆိုင်ရာ   အကောင်အထည်ဖော်မှု၊  ခရီးသွားလုပ်ငန်း ဆိုင်ရာ မူဝါဒများချမှတ်ရာတွင် ထည့်သွင်းစဉ်းစား သင့်သောအချက်များနှင့်   အစိုးရအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၏ အရေးကြီးသောအခန်းကဏ္ဍများ၊ ဒစ်ဂျစ်တယ်နည်းပညာ အသုံးချခြင်းကြောင့် ရရှိနိုင် သော အခွင့်အလမ်းများ၊ အကျိုးကျေးဇူးများနှင့်စိန်ခေါ် မှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
ခေါင်းစဉ်များအလိုက် ဆွေးနွေး
ထို့နောက် သက်ဆိုင်ရာနယ်ပယ်ရှိ ပညာရှင်များ က ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်း နည်းလမ်းများ ဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ၏ သက်ရောက်မှုများကို ဖြေရှင်းကျော်လွှားခြင်းဆိုင်ရာ အတွေ့အကြုံများနှင့်     ကြံ့ကြံ့ခံတုံ့ပြန်နိုင်သော  အနာဂတ်ခရီးသွား လုပ်ငန်း များ ဖော်ဆောင်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်းများ၏  အရေးပါပုံများ  စသည့် ခေါင်းစဉ်များအလိုက် ဆွေးနွေးတင်ပြကြပြီး ရလဒ် များအပေါ်  ပြန်လည်သုံးသပ်တင်ပြကြကာ ဆွေးနွေး ပွဲ ပထမနေ့ကို မွန်းလွဲပိုင်းတွင် ရုပ်သိမ်းခဲ့သည်။
ဆွေးနွေးပွဲ    ဒုတိယနေ့အဖြစ်    ယနေ့တွင် ဒစ်ဂျစ်တယ် ခရီးသွားလုပ်ငန်း အလားအလာများနှင့် ဒစ်ဂျစ်တယ်ခရီးသွားစျေးကွက်မြှင့်တင်ခြင်းဆိုင်ရာ ဘာသာရပ်များကို     ဆက်လက်ဆွေးနွေးကြမည် ဖြစ်သည်။ 
ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်
ယခု ဆွေးနွေးပွဲအား ဧပြီ ၂၆ ရက်မှ ၂၇ ရက်အထိ  ကျင်းပသွားမည်ဖြစ်ပြီး   အာဆီယံနှင့်   ကိုရီးယား ခရီးသွားလုပ်ငန်းများ     ပြန်လည်ဖွင့်လှစ်ရာတွင် Smart Tourism ဆိုင်ရာမဟာဗျူဟာအစီအစဉ်များ ချမှတ်ရေးဆွဲနိုင်ရေးနှင့်  အာဆီယံနှင့်  ကိုရီးယား ခရီးသွားလုပ်ငန်းများ    ဒစ်ဂျစ်တယ်နည်းပညာဖြင့် ရေရှည်တည်တံ့ခိုင်မြဲအောင်   ပူးပေါင်းဆောင်ရွက်နိုင် ရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ 
ဆွေးနွေးပွဲသို့     အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ    ပုဂ္ဂလိကခရီးသွား လုပ်ငန်းရှင်များ၊ ဒေသဆိုင်ရာ အစိုးရအဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ တက္ကသိုလ် ကောလိပ်များနှင့်  သင်တန်းကျောင်းများ၊ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်