တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်  မတ်   ၂၇


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သောကြောင့်    တိုင်းဒေသကြီးနှင့်  ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာ ရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည် ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင် စခန်းများအတွင်းရှိ ပြည်သူများ၊ အသက် ၁၂ နှစ်အထက် အခြေခံ ပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူ များ စသည့်ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊   ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက    ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

 


ကာကွယ်ဆေးထိုးနှံပေး


ထိုသို့ ဆောင်ရွက်လျက်ရှိရာ မတ် ၂၆ ရက်နှင့် ယနေ့တွင် ရှမ်း ပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ မြို့နယ် ၁၅  မြို့နယ်တို့၌ ဒေသခံ ပြည်သူ ၁၀၄၅၂ ဦး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ခုနစ်မြို့နယ်တို့၌ ဒေသခံပြည်သူ ၅၇၇၀၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ဒေသခံပြည်သူ ၁၂၄၄၈ ဦး၊ ရခိုင် ပြည်နယ်အတွင်းရှိ မြို့နယ် လေးမြို့နယ်တို့၌ ဒေသခံပြည်သူ ၅၁၂၈ ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခုတို့မှ ဒေသခံပြည်သူ ၅၄၃၇၉ ဦးနှင့် ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နှင့် ပဲခူးမြို့နယ်တို့၌ ဒေသခံပြည်သူ ၃၅၀  တို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။

 


ထို့အတူ ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ မတ် ၂၆ ရက်နှင့် ယနေ့တို့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နှင့် မူဆယ်မြို့တို့၌ ကျောင်းသား ကျောင်းသူ ၃၆ ဦးကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခြင်းများ ဆောင်ရွက်ပေးသည်။

 


ကြည့်ရှုအားပေး


ထိုသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများက  သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကြကြောင်း သတင်းရရှိသည်။


သတင်းစဉ်