လီယွန်နယ်မက်ဆီ ၈၁ ဂိုးမြောက် နိုင်ငံတကာဂိုး သွင်းယူ

 

အာဂျင်တီးနားက ဗင်နီဇွဲလားကို ဗျူနိုအေရိစ်ကွင်းမှာ ကျင်းပ တဲ့  ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ  သုံးဂိုးပြတ်နဲ့နိုင်ခဲ့ပြီး  လီယွန်နယ် မက်ဆီဟာ သူ့ရဲ့ ၈၁ ဂိုးမြောက် နိုင်ငံတကာဂိုးကို သွင်းယူခဲ့ပါ တယ်။ 

 


ဒီပွဲမှာ နီကို  ဂွန်ဇာလက်ဇ်ဟာ  ၃၅  မိနစ်မှာ  အဖွင့်ဂိုးကို သွင်းယူခဲ့ပါတယ်။ လူစားဝင်ကစားသမား အန်ဂျယ်ဒီမာရီယာ ဟာ ဒုတိယဂိုးကို သွင်းယူခဲ့ပါတယ်။ 

 


အသက် ၃၄ နှစ်ရှိတဲ့ ရှေ့တန်းတိုက်စစ်မှုး မက်ဆီဟာ  တတိယဂိုးကို သွင်းယူနိုင်ခဲ့ပြီး ယင်းဂိုးဟာ သူ့ရဲ့ ၈၁ ဂိုးမြောက် နိုင်ငံတကာဂိုးဖြစ်ပါတယ်။

 


ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် အာဂျင်တီးနားက တောင် အမေရိကန်ဇုန် ၁၀ သင်းမှာ ဒုတိယနေရာမှာရှိနေပြီး ၁၆ ပွဲကစားရာမှာ ၃၈ မှတ်ရရှိထားပါတယ်။ ပထမနေရာမှာ ရှိတဲ့ ဘရာဇီးထက် လေးမှတ်နည်းနေပါတယ်။ ဗင်နီဇွဲလားကတော့ နောက်ဆုံးမှာ ၁၀ မှတ် ရရှိထားပါတယ်။ 

 


အာဂျင်တီးနားဟာ အင်္ဂါနေ့မှာ တောင်အမေရိကဇုန် ကမ္ဘာ့ ဖလား ခြေစစ်ပွဲအဖြစ် အီကွေဒေါနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ 
ဗင်နီဇွဲလားကတော့ ကိုလံဘီယာကို အိမ်ကွင်းမှာ လက်ခံ ကစားရမှာ ဖြစ်ပါတယ်။ 


လင်းခေတ်ဆန်