TikTok က မြန်မာဖန်တီးသူသုံးဦးနှင့်ပူးပေါင်း၍ ဒစ်ဂျစ်တယ်အသိပညာစင်တာကို စတင်မိတ်ဆက်ထား

 

ရန်ကုန် မတ် ၂၆


ဗီဒီယိုများဖန်တီးမျှဝေသည့် ထိပ်တန်းလူမှုကွန်ရက် တစ်ခုဖြစ်သော TikTok သည်  သုံးစွဲသူများအတွက်  ဒစ်ဂျစ်တယ်အသိပညာစင်တာ(Digital Literacy Hub) အသစ်တစ်ခုကို မတ် ၁ ရက်က စတင်မိတ်ဆက်ခဲ့ပြီး အဆိုပါ အသိပညာစင်တာတွင် မြန်မာနိုင်ငံအတွင်းမှ အသုံးပြုသူများအတွက် အသိပညာပေးမှုကို မြန်မာ နိုင်ငံရှိ   TikTok   ဖန်တီးသူများဖြစ်သည့်    နော်အေး၊ ဝေဖြိုးအောင်နှင့် Tဇော် တို့နှင့် ပူးပေါင်း၍ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

 


TikTok သုံးစွဲသူများအား ဒစ်ဂျစ်တယ်ကမ္ဘာ၏ အကျိုးကျေးဇူးများ ခံစားနိုင်ရန်နှင့် အခြား အွန်လိုင်း အသုံးပြုသူများကိုလည်း    ကာကွယ်နိုင်ရန်အတွက် ဘေးကင်းလုံခြုံရေးဆိုင်ရာ Features များကို အသုံး ချမှု အားသန်စေရန် TikTok မှ ဒစ်ဂျစ်တယ်ကျန်းမာ ရေးဆိုင်ရာ အကြံဉာဏ်များနှင့် အကြံပြုချက်များကို အမြဲမျှဝေပေးလျက်ရှိသည့် ပြည်တွင်းမှ ဖန်တီးသူ သုံးဦးနှင့် ပူးပေါင်းခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ လုပ်ဆောင် နေဆဲ ကြိုးပမ်းမှုများနှင့်အတူ ဒစ်ဂျစ်တယ်အသိပညာ စင်တာကို စိတ်ပိုင်းဆိုင်ရာကျန်းမာရေး၊ ဆိုက်ဘာ ကျန်းမာရေး၊    အသက်မပြည့်သေးသူများ   လုံခြုံ ဘေးကင်းရေး၊ အန္တရာယ်ရှိသော အွန်လိုင်းစိန်ခေါ်မှု များနှင့် အခြား ဒစ်ဂျစ်တယ်ပိုင်းနှင့်သက်ဆိုင်သည့် ပညာပေးအကြောင်းအရာများကို  ရရှိနိုင်မည့် နေရာ တစ်ခုအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။ 

 


အဆိုပါ အသိပညာပေးစင်တာ ဝက်ဘ်စာမျက်နှာ တွင်   အွန်လိုင်းမှတစ်ဆင့်    အမြတ်ထုတ်ခံရခြင်း၊ မူးယစ်ဆေးဝါးနှင့် ထိတွေ့ခြင်း၊ အသက်မပြည့်သေး သူများ အွန်လိုင်းမှ အန္တရာယ်ပြုခံရနိုင်ခြင်း စသည် တို့မှ  ကာကွယ်နိုင်ရန်အတွက်  “တွေးပြီးမှတင်ပါ” ခေါင်းစဉ်ဖြင့် အသုံးပြုသူများ သိရှိ သတိပြုသင့်သည့် အချက်များကို သရုပ်ဖော်ပုံများ၊  ဗီဒီယိုများ၊ ပဟေဠိ မေးခွန်းများနှင့်    ဇာတ်လမ်းအခြေခံ    သင်ယူမှု အကြောင်းအရာများ အသုံးပြု၍ ဖော်ပြထားသည်။ 

 


“TikTok ဟာ စစ်မှန်တဲ့ ဒစ်ဂျစ်တယ်ပတ်ဝန်းကျင် တွေကို ဖန်တီးပေးဖို့ ရည်ရွယ်ချက်နဲ့ ကျွန်မတို့ရဲ့ ဘေးကင်းလုံခြုံရေးဆိုင်ရာ အထောက်အကူအရင်း အမြစ်တွေကို အမြဲအားဖြည့်လုပ်ဆောင်နေပါတယ်။ အခု   မိတ်ဆက်လိုက်တဲ့   ဒစ်ဂျစ်တယ်အသိပညာ စင်တာဟာ  မြန်မာနိုင်ငံရဲ့ လိုအပ်ချက်တွေ၊ စိန်ခေါ် မှုတွေနဲ့     အံဝင်ခွင်ကျဖြစ်အောင်      အရေးကြီးတဲ့ ဒစ်ဂျစ်တယ်အချက်အလက်တွေ၊    ကျန်းမာရေး ဆိုင်ရာအရင်းအမြစ်တွေကို ပြည်တွင်းလူမှုအသိုင်း အဝိုင်းနဲ့ ပိုမိုနီးစပ်သွားစေဖို့ ဖန်တီးသူတွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ပါတယ်”ဟု TikTok ၏ မြန်မာနိုင်ငံ  Public Policy Manager ဖြစ်သူ မကြူကြူသိန်းက ပြောကြားသည်။

 


TikTok တွင် အန္တရာယ်ရှိနိုင်သော အွန်လိုင်း စိန်ခေါ်မှုများ(Online Challenges)နှင့် အသိုက် အဝန်း၏စည်းကမ်းကို       ချိုးဖောက်မှုရှိနိုင်သည့် Hashtags များကို ချက်ချင်းထုတ်ဖော် အသိပေးနိုင် သည့် နည်းပညာများကို အားဖြည့်လုပ်ဆောင်ထား သလို  အသက် ၁၆ နှစ်အောက် အသုံးပြုသူများကို ကန့်သတ်သည့် Privacy-by-design လုပ်ဆောင် ချက်များကိုလည်း တိုးမြှင့်လုပ်ဆောင်ထားကြောင်း သိရသည်။

 


မြန်မာနိုင်ငံအတွက် TikTok ၏ ဒစ်ဂျစ်တယ် အသိပညာစင်တာအကြောင်း  အသေးစိတ်အချက် များကို TikTok ၏ သတင်းခန်း ဝက်ဘ်စာမျက်နှာတွင် ဖော်ပြထားသလို အသုံးပြုသူများ ဘေးကင်းစေမည့် အခြားသော လုပ်ဆောင်ချက်များ၊ ကမ်ပိန်းများနှင့် ပတ်သက်သည့် အချက်များ၊ ထုတ်ပြန်ချက်များကို လည်း အဆိုပါ ဝက်ဘ်စာမျက်နှာမှာပင် ဝင်ရောက် ကြည့်ရှုနိုင်မည်ဖြစ်သည်။ 


ကိုစိုး