“ချစ်သည်းစွဲ MRTV  Orchestra” ဖျော်ဖြေပွဲကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ပြသမည်

 

နေပြည်တော်   မတ်   ၂


ပြည်သူများ   အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့်  စိတ်ခွန်အား သစ်များ     ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေး    အစီအစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ   အနု ပညာရှင်များ  စုပေါင်းတင်ဆက်ကြ မည့်     “ချစ်သည်းစွဲ      MRTV Orchestra”   ဖျော်ဖြေပွဲကို  မတ် ၄ ရက် (သောကြာနေ့)  ည ၈ နာရီ သတင်းအပြီးတွင်  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏    MRTV-HD Channel မှ  ထုတ်လွှင့်ပြသမည် ဖြစ်သည်။

 


ယင်းအစီအစဉ်ကို    မြန်မာ့ အသံနှင့်   ရုပ်မြင်သံကြား၏  သံစုံ တီးဝိုင်း  (MRTV  Orchestra)  နှင့် ခေတ်ပေါ်တီးဝိုင်း၊        မြန်မာ့ ဆိုင်းဝိုင်းကြီးများ၏   တီးခတ်မှု နှင့်အတူ  တေးသံရှင်များဖြစ်ကြ သည့်     ရဲထိုက်၊    ရဲရင့်ဝေလွင်၊ မေထူးကျော်၊ နန်းစန္ဒီ၊ မြတ်နိုးစံ၊ သီရိစံ၊     သဒ္ဒါဖြူနှင့်    စောဒယ် နီရယ်လ်တို့က ဖျော်ဖြေတင်ဆက် ကြမည်ဖြစ်သည်။
ထိုသို့ တင်ဆက်မှုကို    မတ်  ၆ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ထပ်မံ ထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း  သိရသည်။              

 

 သတင်းစဉ်