ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရုံးသစ်ဖွင့်ပွဲအခမ်းအနားကျင်းပ

 

ဟိုပုံး    မတ်   ၂


ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တွင် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန     အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန    ဒေသရုံးသစ်ဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက် ၉ နာရီက အဆိုပါရုံးတွင် ပြုလုပ်ခဲ့ကြသည်။

 


ရှေးဦးစွာ     ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ        ဦးခွန်ရဲထွေး က    အမှာစကားပြောကြားရာ တွင်   ဟိုပုံးမြို့   ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်း  ဦးစီးဌာန အနေဖြင့် တန်ဖိုးမြင့် စားသောက် ကုန်ထုတ်လုပ်မှု     နည်းပညာ သင်တန်း၊ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း၊ အလှကုန် ထုတ်လုပ်မှု  နည်းပညာသင်တန်း၊ အခြေခံစက်ချုပ်သင်တန်း၊ အခြေခံ မော်တော်ဆိုင်ကယ်     ပြုပြင် ထိန်းသိမ်းနည်း     သင်တန်း၊ တစ်လုံးထိုး ဒီဇယ်အင်ဂျင်ပြုပြင်  ထိန်းသိမ်းနည်း       သင်တန်း၊ အထည်ပန်းပုံရိုက်နှင့်   ဆေးရေး ပန်းချီသင်တန်း၊    ဝါးအခြေခံ လက်မှုထည်       ထုတ်လုပ်မှု နည်းပညာသင်တန်း၊     ကော်ဖီ ထုတ်လုပ်ရာတွင် အသုံးပြုသည့် စက်ကိရိယာကိုင်တွယ်မောင်းနှင် ခြင်းနှင့်    ပြုပြင်ထိန်းသိမ်းနည်း        သင်တန်းများ    ဖွင့်လှစ်ပေးနိုင်ခဲ့ ကြောင်း၊     ဒေသခံပြည်သူများ အနေဖြင့်    ဤနည်းပညာပေး သင်တန်းများကို    တက်ရောက်ခွင့် ရပြီး  ကိုယ်ပိုင်တစ်ပိုင်တစ်နိုင် အိမ်တွင်း     အသေးစားလုပ်ငန်း များကို ထူထောင်နိုင်ကာ အလုပ် အကိုင်         အခွင့်အလမ်းများ နှင့်     မိသားစုဝင်ငွေ      ရရှိစေ မည်ဖြစ်ကြောင်း      ပြောကြား သည်။ 

 


ထို့နောက်   ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ   စီမံအုပ်ချုပ် ရေးအဖွဲ့   ဥက္ကဋ္ဌ    ဦးခွန်ရဲထွေး၊ အသေးစား  စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန       ညွှန်ကြားရေးမှူး ဦးဝင်းမော် နှင့်    တာဝန်ရှိသူများက   ဒေသရုံးသစ်ဖွင့်ပွဲ   အခမ်းအနား ကို    ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ    ပက်ဖျန်းသည်။

 


အဆိုပါ     အသေးစားစက်မှု လက်မှုလုပ်ငန်း  ဦးစီးဌာနသည် ရှမ်းပြည်နယ်အတွင်း တာချီလိတ်၊ လားရှိုး၊     လွိုင်လင်ခရိုင်သုံးရုံး နှင့်     ပအိုဝ်းနှင့်     ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ     နှစ်ခုတို့၌    ယနေ့တွင်         တစ်ပြိုင်တည်း ဖွင့်လှစ်ပေးခဲ့ခြင်း    ဖြစ်ကြောင်း သိရသည်။


ပအိုဝ်းဒေသ(ပြန်/ဆက်)