(၄၈) နှစ်မြောက် မွန်ပြည်​နယ်နေ့ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ကျင်းပမည်

 

မော်လမြိုင် ဖေ​ဖော်ဝါရီ ၂၃


(၄၈)နှစ်မြောက်  မွန်ပြည်​နယ်နေ့ အခမ်းအနား ကို   ကိုဗစ်- ၁၉ ​ရောဂါ   ကာကွယ်ရေးနည်းလမ်း များနှင့်အညီ   အောင်မြင်စွာ    ကျင်းပနိုင်​ရေး အတွက်      လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ  ၂၂ ရက်က ပြည်နယ် အစိုးရအဖွဲ့ရုံး ​  အောင်ဆန်းခန်းမ၌ ကျင်းပရာ  မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီး များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်​ရောက်ကြသည်။

 


အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်- ၁၉  မျိုးဗီဇသစ်   အိုမီခရွန်   ပျံ့နှံ့မှု များနေသည့်အတွက် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ နှင့်အညီ   လိုက်နာဆောင်ရွက်သွားရန်၊   ပြပွဲ ကျင်းပရာတွင် တိုင်းရင်းသားလူမျိုးတို့၏ ဓ​လေ့ ထုံးတမ်းများ၊    အမျိုးသားယဉ်​ကျေးမှု   စရိုက် လက္ခဏာများ  မ​ပျောက်ပျက်​အောင်  အားလုံး ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန်၊ ပြည်နယ် အတွင်းရှိ အနုသုခုမ ရိုးရာအ​မွေအနှစ်များကို   ဖော်ထုတ်ပြသ​ပေး​​ရန် အမှာစကားပြောကြား သည်။  

 


ထို့နောက်တက်​ရောက်ကြသည့် ပြည်နယ် ဝန်ကြီးများနှင့် သက်ဆိုင်ရာဌာနတာဝန်ရှိသူ များ၏  တင်ပြဆွေးနွေးမှုများအ​ပေါ် ပြည်နယ် ဝန်ကြီးချုပ်က  ညှိနှိုင်း​ဆောင်ရွက်​ပေးသည်။ 


ဇာဖြူဝင်း
(ပြန်/ဆက်)