ပြည်တွင်းအင်အားကို တည်ဆောက်ကြမည်

 

    v     တိုင်းပြည်ရဲ့အားဟာ ပြည်တွင်းမှာပဲ ရှိပါတယ်။ ပြည်တွင်းအားကိုပဲ ကျွန်တော် ယုံကြည်အားကိုး ပါတယ်။ 
    v     နိုင်ငံရဲ့ ပကတိအခြေအနေအရ ပြည်ပအကူအညီများ လိုအပ်သည်မှန်ပေမယ့် ပြည်တွင်းအားနဲ့ လုပ်ဆောင်နိုင်တာများရှိပါတယ်။
    v     နံပါတ်(၁)အနေနဲ့ ပြည်တွင်းအားနဲ့ ပြည်တွင်းစီးပွားရေး တိုးတက်မြှင့်တင်ပါမယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ  သဘာဝအရင်းအမြစ်များ၊ လူသားအရင်းအမြစ်များစွာ ရှိပါတယ်။ ပြည်တွင်း ကုန်ထုတ်လုပ်မှုကို အားမပေးဘဲ ပြည်ပသွင်းကုန်များသာ အားထားခဲ့လို့ ပြည်သူပြည်သားများရဲ့ လူမှုစီးပွားတိုးတက်မှု အားနည်းခဲ့ခြင်းသာ ဖြစ်ပါတယ်။
    v     နံပါတ်(၂)အနေနဲ့ ပြည်တွင်းနိုင်ငံရေး ခိုင်မာအားရှိအောင် ဆောင်ရွက်ပါမယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး၊ ပါတီစုံ ဒီမိုကရေစီစနစ် တည်ဆောက်မယ် ဆိုရင် နိုင်ငံရေးအား မကောင်းစရာ မရှိပါဘူး။
    v     နံပါတ်(၃)အနေနဲ့ တိုင်းရင်းသားပြည်သူများအားလုံးပါဝင်တဲ့ ကာကွယ်ရေးစွမ်းအားလုပ်ဆောင် ရန် ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး ဥမကွဲသိုက်မပျက် အေးအတူပူအမျှ ညီညွတ်တဲ့ အင်အားနဲ့ နိုင်ငံတော်ကို ခေတ်မီပြီး စွမ်းရည်ပြည့်ဝတဲ့ ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့နဲ့ နိုင်ငံကာကွယ်ရေး စွမ်းအားတည်ဆောက်သွားပါမယ်။ 
    v     တိုင်းရင်းသား မိဘပြည်သူအားလုံး စဉ်းစားဆင်ခြင်ပြီး ပူးပေါင်းလုပ်ဆောင်ကြဖို့ ပြောလိုပါတယ်။
    (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်၏   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (၁) နှစ်ပြည့်   နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍   ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်)