သင်ကြားသင်ယူမှုနှင့် စီမံရေးရာအရည်အသွေးများ ပိုမိုကောင်းမွန်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလို

 

ကျိုင်းတုံ ဖေဖော်ဝါရီ ၁၇


ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေသည်  တာဝန်ရှိသူများနှင့်အတူ   ယနေ့ နံနက်ပိုင်းတွင် ကျိုင်းတုံတက္ကသိုလ် ခေမရဋ္ဌ်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ ဌာနမှူးများ၊ ဘဏ္ဍာဌာနမှူးများ၊ ဆရာ၊ ဆရာမများ နှင့် တွေ့ဆုံသည်။

 


တွေ့ဆုံစဉ်   ပြည်ထောင်စုဝန်ကြီးက   ဆရာ ဆရာမများအနေဖြင့် ကျိုင်းတုံတက္ကသိုလ် ဖွံ့ဖြိုး တိုးတက်ရေး၊ ဘွဲ့ရပညာတတ်လူငယ်များ   ပြုစု ပျိုးထောင် မွေးထုတ်ပေးနိုင်ရေးအတွက် စိတ်စေတနာ အပြည့်ဖြင့်  မေတ္တာထား   ကြိုးစားဆောင်ရွက်ကြ စေလိုကြောင်း၊ ကျိုင်းတုံတက္ကသိုလ်တွင် သုတေ သနကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက္ကသိုလ် သုတေသနစင်တာ ဖြည့်ဆည်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊        တက္ကသိုလ်သုတေသနလုပ်ငန်း ဆောင်ရွက်ရန်အတွက် အထောက်အကူဖြစ်စေမည့် စာအုပ်စာတမ်းများနှင့် Internet ၊ Wifi ဆက်သွယ်ရေး စနစ်များ ကောင်းမွန်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ သိပ္ပံဘာသာရပ်၊ ဝိဇ္ဇာဘာသာ ရပ်များအတွက် လိုအပ်သည့် သင်ထောက်ကူပစ္စည်း များ၊ လက်တွေ့ခန်းသုံးပစ္စည်းများ၊ ဓာတ်ခွဲခန်းသုံး ပစ္စည်းများနှင့်    လိုအပ်သည်များကို     ဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဆရာ ဆရာမများ အနေဖြင့် မိမိတို့ တက္ကသိုလ်ဥပဓိရုပ်ကောင်းမွန်ရေး၊ စိမ်းလန်းစိုပြည်ရေး၊ သန့်ရှင်းသာယာသည့် သင်ယူမှု ဝန်းကျင်ကောင်းဖြစ်ရေးအတွက်       အမြဲဂရုစိုက် ဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့   တက္ကသိုလ်၏ သင်ကြားသင်ယူမှုနှင့် စီမံရေးရာ အရည်အသွေးများ ပိုမိုကောင်းမွန်ရေးအတွက်လည်း ကြိုးပမ်းဆောင် ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 


ထို့နောက် ကျိုင်းတုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစန်းစန်းမာက    ကျိုင်းတုံတက္ကသိုလ်၏ ဖွဲ့စည်းပုံအချက်အလက်များ၊ လက်ရှိဆောင်ရွက်နေမှု နှင့်   လိုအပ်ချက်များကို    ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များနှင့်စပ်လျဉ်း ၍ လိုအပ်သည်များကို   ဖြည့်ဆည်းဆောင်ရွက် ပေးသည်။

 


ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည်  မိုင်းပျဉ်း မြို့ အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိ ပြီး မိုင်းပျဉ်းမြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ကြီးနှင့် အခြေခံပညာ ဆရာ    ဆရာမများနှင့်    တွေ့ဆုံ၍ ကျောင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ 

 


တွေ့ဆုံစဉ်   ပြည်ထောင်စုဝန်ကြီးက   ဆရာ ဆရာမများအနေဖြင့် မိမိတို့ကျောင်း၏ သင်ကြား သင်ယူရေးနှင့်စီမံခန့်ခွဲရေးများ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ကြစေလိုပါကြောင်း၊  မည်သည့်ခွဲခြား ဆက်ဆံမှုများမှ မရှိစေဘဲ   ကျောင်းသားများအား အမှန်တကယ် နားလည်တတ်ကျွမ်းသူများဖြစ်အောင် လေ့ကျင့်သင်ကြားပေးစေလိုကြောင်း၊  တက္ကသိုလ် ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း မှာကြားကာ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးအတွက် လိုအပ်ချက် များ၊ ကျောင်းစာကြည့်တိုက်အတွက် လိုအပ်သည့် ဆက်စပ်ပစ္စည်းများ၊      ကျောင်းဆောင်သစ်များ၊ ဝန်ထမ်းအိမ်ရာများ၊ ကျောင်းသား ကျောင်းသူများ အတွက် အားကစားပစ္စည်းများ၊ ကျောင်းခြံစည်းရိုး အုတ်တံတိုင်းကာရံခြင်း၊ ကျောင်းသုံးကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ စသည်ဖြင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 


ပြည်ထောင်စုဝန်ကြီးသည် နမ့်စန်မြို့နယ်ရှိ ခိုလမ် မြို့ အခြေခံပညာအထက်တန်းကျောင်း၊  နမ့်စန်မြို့ ရှိ   အခြေခံပညာ    အထက်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်