သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် လူရွှင်တော်အသင်းနှင့် ကိုလူချောအဖွဲ့တို့မှ မိသားစုများ ပါဝင်ယှဉ်ပြိုင်မည်

 

နေပြည်တော်  ဖေဖော်ဝါရီ  ၁၆


သုတဝေဖြာသီရိဂေဟာ  မိသားစု ပြိုင်ပွဲ အသိပညာပေးအစီအစဉ်  (Family Quiz) ပွဲစဉ်အမှတ်(၅၄)ကို   ဖေဖော်ဝါရီ   ၁၈  ရက်တွင် မြန်မာ့အသံနှင့်  ရုပ်မြင်သံကြား၏   MRTV–HD  Channel မှ  ဆက်လက် ထုတ်လွှင့်မည်ဖြစ်သည်။ 

 


အဆိုပါ ပွဲစဉ်အမှတ် (၅၄) ၏ ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေး အစီအစဉ်ကို      သရုပ်ဆောင် ထူးပြည့်အောင်နှင့်   MRTV  မှ မိုးဂျူလိုင်တို့က  တင်ဆက်ကြမည် ဖြစ်ပြီး    လူရွှင်တော်အသင်းနှင့် ကိုလူချောတို့အဖွဲ့မှ    မိသားစု များ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပြိုင်ပွဲများကို ဖေဖော်ဝါရီ ၁၈၊ ၁၉၊ ၂၀ ရက်နေ့များတွင် မြန်မာ့ အသံနှင့်ရုပ်မြင်သံကြား၏ MRTV- HD မှ ညနေ ၆ နာရီ သတင်းအပြီး တွင် ထုတ်လွှင့်ပြသသွားမည်ဖြစ် ကြောင်း သိရသည်။

 သတင်းစဉ်