လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန တတိယအကြိမ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ

 

 

နေပြည်တော်   ဖေဖော်ဝါရီ    ၁၅
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ တတိယအကြိမ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင်  ကျင်းပရာ  ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ရှေးဦးစွာ     ပြည်ထောင်စု ဝန်ကြီးက မြန်မာတို့ရဲ့ စေတနာ ကို ဖော်ပြနေတဲ့ သင်္ကေတတွေ ဖြစ်တဲ့အပြင်      အစဉ်အလာ ယဉ်ကျေးမှုတွေ မပပျောက်စေဖို့နဲ့ ကောင်းမှုကုသိုလ်      ရရှိစေဖို့ ရည်ရွယ်ပြီး   မီးဖုန်းပွဲ၊   ယာဂု ထမနဲအလှူပွဲများကို  တပို့တွဲလ ရောက်တိုင်း      နိုင်ငံတစ်ဝန်းမှာ  နှစ်စဉ်     ကျင်းပကြခြင်းဖြစ် ကြောင်း၊    မိမိတို့   ဝန်ကြီးဌာန အနေဖြင့်လည်း နှစ်စဉ်ကျင်းပမြဲ ဖြစ်သော     ယခုအစဉ်အလာကို ရိုးရာမပျက် ဆက်လက်ထိန်းသိမ်း သွားကြရန်နှင့် ယနေ့အခမ်းအနား ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပေးကြသော အရာထမ်း၊      အမှုထမ်းများ၊ တာဝန်ရှိသူများ     အားလုံးကို အထူးပင် ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။ 
ဆက်လက်၍ ထမနဲထိုးပြိုင်ပွဲ ကျင်းပရာ ပြိုင်ပွဲဝင်အသင်းများမှ တက်ကြွပျော်ရွှင်စွာ    ယှဉ်ပြိုင် ကြပြီး     ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်     တာဝန်ရှိ သူများ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာန များမှ    ဝန်ထမ်းများကအားပေး ကြသည်။   ဆက်လက်၍    ပြည် ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများသည် ပထမ ဆုရရှိသည့် ပြန်လည်ထူထောင် ရေးဦးစီးဌာန၊ ဒုတိယဆုရရှိသည့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊   တတိယဆုရရှိသည့်  ဝန်ကြီးရုံးနှင့် နှစ်သိမ့်ဆုရရှိသည့် လူမှုဝန်ထမ်းဦးစီးဌာန    တို့အား ဆုများ        ချီးမြှင့်ပေးကြောင်း သတင်းရရှိသည်။      သတင်းစဉ်