ဟိုပုံး ဇွန် ၁၃
ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်သည် ယနေ့နံနက်ပိုင်းတွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ပအိုဝ်း ကိုယ်ပိုင်အု ပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ အသက် ၁၀ နှစ်နှင့် အထက် ကျောင်းသား ကျောင်းသူများအား လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ထုတ်ပေး နေမှုကို ကြည့်ရှုအားပေးပြီး ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသား စိစစ်ရေးကတ်နှင့် UID ကတ်များ ကို ကျောင်းသား ကျောင်းသူများ လက်ဝယ်အရောက် ပေးအပ်သည်။
ယနေ့တွင် အသက် ၁၀ နှစ် နှင့်အထက် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၅၉ ဦးအား နိုင်ငံ သားစိစစ်ရေးကတ်နှင့် UID ကတ် များ ထုတ်ပေးခဲ့ကြောင်း သိရ သည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)