ရန်ကုန် ဇွန် ၁၁
The 5th China Media Group Forum သို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်မြို့သို့ ရောက်ရှိနေသော ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်နှင့်အဖွဲ့သည် ဇွန် ၉ ရက် တွင် ဖိုရမ်တက်ရောက်ရန် ရောက်ရှိနေသော နိုင်ငံတကာဧည့်သည်များနှင့်အတူ ချုံချင့်မြို့ Shapingba District Digitalized City Operation and Governance Center ကိုလည်းကောင်း၊ Chongqing International Logistics Hub Park ကိုလည်းကောင်း သွားရောက်ကြည့်ရှုလေ့လာပြီး Yongchuan (ယောင်းချွမ်) မြို့၌ ကျင်းပသော 2026 Chongqing International Animation Film Week ဖွင့်ပွဲသို့ တက်ရောက်သည်။
ဇွန် ၁၀ ရက် နံနက်ပိုင်းတွင် ချုံချင့်မြို့ Yuzhou State Guest Hotel ၌ “Uploading and Reshaping: The Media’s Mission in the Intelligent Era” ခေါင်းစဉ်ဖြင့် ကျင်းပသည့် The 5th China Media Group Forum ဖွင့်ပွဲကို တက်ရောက်ရာ အခမ်းအနားသို့ ချုံချင့်ဒေသအစိုးရနှင့် CMG မှ တာဝန်ရှိသူများ၊ နိုင်ငံတကာမှ မီဒီယာကိုယ်စားလှယ်များ၊ နည်းပညာရှင်များ စုစုပေါင်း ၃၀၀ ခန့် တက်ရောက်ကြသည်။
ဖိုရမ်၌ နည်းပညာပြောင်းလဲမှုနှင့်အတူ မီဒီယာကဏ္ဍကို တိုးမြှင့်လုပ်ဆောင်ရန်၊ ဉာဏ်ရည်တု နည်းပညာခေတ်တွင် ပိုမိုတရားမျှတပြီး ပိုမိုသန့်ရှင်းသော၊ ပိုမိုပြည့်စုံသော မီဒီယာအခင်းအကျင်းတစ်ခုဖြစ်စေရေး ပူးပေါင်းဆောင်ရွက်ကြရန်တို့ကို ဆွေးနွေးသည်။
ဒုတိယဝန်ကြီးသည် ခရီးစဉ်အတွင်း CMG မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် CMG တို့အကြားပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
သတင်းစဉ်