ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲ တက်ရောက်ပြီး ဆုများချီးမြှင့်

 

 

ပုသိမ် မေ ၂၉

 

တိုင်းဒေသကြီးအဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ တိုင်းဒေသကြီးဝန်ကြီးများ တက်ရောက်ကြသည်။

 

ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း ဂုဏ်ထူးဆောင်ဆု၊ စံပြကျေးရွာဆုနှင့် ဂုဏ်ပြု ဆုရရှိသည့် ကျေးရွာများကို ဆုများချီးမြှင့် ကာ တိုင်းဒေသကြီးအတွင်း မြစိမ်းရောင် ကျေးရွာစီမံကိန်း ဆောင်ရွက်ခဲ့မှုမှတ်တမ်းများနှင့် ခရိုင်အလိုက် ပြသထားသော ပြခန်းများကို ကြည့်ရှု အားပေးသည်။

 

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ရုံးသို့ရောက်ရှိ၍ တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကျင်းပရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)