ကိုဗင်ထရီအသင်း ချန်ပီယံရှစ်ဖလားဆွတ်ခူးရရှိ

 

နည်းပြဖရန့်လမ်းပတ်ရဲ့ ကိုဗင်ထရီအသင်းဟာ ချန်ပီယံရှစ်ပွဲစဉ် ၄၅  မှာ  ရက်ဇ်ဟမ်းအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့်    အနိုင်ရရှိပြီး ချန်ပီယံရှစ်ဖလားကို  ရယူဆွတ်ခူး နိုင်ခဲ့ပြီဖြစ်ပါတယ်။

ကိုဗင်ထရီအသင်းအတွက် ယခုနိုင်ပွဲဟာ ခုနစ်ပွဲဆက်ရှုံးပွဲမရှိ စံချိန်တင်ခဲ့ခြင်းဖြစ်ခဲ့သလို ရမှတ် ၉၂ မှတ်အထိ စုဆောင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကိုဗင်ထရီအသင်းဟာ ချန်ပီယံရှစ်ပြိုင်ပွဲပြီးဆုံးဖို့ တစ်ပွဲအလိုမှာပဲ အမှတ်ပေးဇယား  ဒုတိယနေရာ က အစ်ဆွစ်အသင်းကို ၁၂ မှတ်အထိ ဖြတ်ထားနိုင်ခဲ့တာကြောင့် ချန်ပီယံရှစ်ဖလားကို   ဆွတ်ခူးနိုင် ခဲ့တာဖြစ်ပါတယ်။

ကိုဗင်ထရီအသင်းအနေနဲ့ အခုလို ချန်ပီယံရှစ်ဖလားဆွတ်ခူးနိုင်ခဲ့ခြင်းဟာ နည်းပြဖရန့်လမ်းပတ် အတွက်လည်း နည်းပြဘဝပထမဆုံး   ဆုဖလားရယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

လက်ရှိအနေအထားအရ ကိုဗင်ထရီအသင်းဟာ  ချန်ပီယံရှစ် ဖလားဆွတ်နိုင်ခဲ့ပြီဖြစ်တာကြောင့် လာမယ့်ဘောလုံးရာသီမှာ ပရီမီယာလိဂ်ပြိုင်ပွဲဆီသို့ တိုက်ရိုက်တန်းတက်ခွင့်ရရှိခဲ့ပြီလည်းဖြစ် ပါတယ်။                    

ငွေကြယ်