မြန်မာနေရှင်နယ်လိဂ်ကလပ် ရတနာပုံအသင်း ရာသီသစ်အတွက် ခြောက်ဦးမြောက် ပြည်တွင်း ကစားသမားသစ် ခေါ်ယူ

 

ရန်ကုန်      ဧပြီ     ၂၇

မြန်မာနေရှင်နယ်လိဂ်ကလပ် ရတနာပုံအသင်းသည်  လာမည့် ရာသီသစ်အတွက် ခြောက်ဦးမြောက်   ပြည်တွင်းကစားသမား သစ်ခေါ်ယူလိုက်ပြီဖြစ်ပြီး အား/ကာသိပ္ပံအသင်း တောင်ပံကစားသမား သန်းတိုးအောင်ကို ခေါ်ယူခဲ့သည်။

ရတနာပုံအသင်းသည် အသင်းပိုင်ရှင် အပြောင်းအလဲပြုလုပ်၍ အသင်းအား ပြန်လည်တည်ဆောက် နေပြီး  ကစားသမားသစ်များ    ဆက်တိုက်ခေါ်ယူနေရာ  သန်းတိုးအောင် မတိုင်မီက ဆွမ်လမန်၊        သက်ပိုင်ထွေး၊ ပြည့်ဖြိုးအောင် (ဂိုး)၊   သီဟထက်အောင်နှင့်    မိုးဆွေတို့ကို   ခေါ်ယူထားသည်။ သန်းတိုးအောင်သည် ရတနာပုံ ယူ-၁၉ အသင်းတွင် ကစားခဲ့သူဖြစ်ပြီး ပရော်ဖက်ရှင်နယ် ကစား သမားဘဝကို အား/ကာသိပ္ပံအသင်းတွင် ဖြတ်သန်းကာ ရတနာပုံအသင်းသို့ ပြန်လည်ရောက်ရှိ လာခြင်းဖြစ်သည်။

ရတနာပုံအသင်းသည် ရာသီသစ်အတွက် ပြည်တွင်း၊ ပြည်ပ ကစားသမားသစ်များ ထပ်မံခေါ်ယူ မည်ဖြစ်သည်။

သတင်း - ချစ်ကိုကို

ဓာတ်ပုံ - YDNB FC