အနော်ရထာတံတား(ချောက်)ရေလမ်းကြောင်းပြောင်းလဲမည်ဖြစ်ကြောင်း ရေလမ်းသတိပေးနှိုး‌ဆော်ချက်

 

 

နေပြည်တော် ဖေဖော်ဝါရီ ၂၈
ဧရာဝတီမြစ်ကူး  အနော်ရထာတံတား (ချောက်)  ရေလမ်းတွင်   ရေယာဉ်များ  ဖြတ်သန်းသွားလာရန် ရေလမ်းကြောင်းကို   အစုန်လမ်းအဖြစ်   ရေလယ်တိုင်အမှတ် (၅) နှင့် (၆) အကြားမှ လည်းကောင်း၊ အဆန်လမ်းအဖြစ်    ရေလယ်တိုင်အမှတ်    (၄)  နှင့်  (၅) အကြားမှ    လည်းကောင်း   ဖွင့်လှစ်ထား ခဲ့ပါသည်။  ယခုအခါ    တံတားရေလယ်တိုင်အမှတ်  (၅)   တည်ရှိရာ   မြစ်ကြမ်းပြင်ကို   မြစ်ရေ တိုက်စားမှု  ကာကွယ်ရေး  လုပ်ငန်းဆောင်ရွက်မည်ဖြစ်ရာ   ရေယာဉ်များ   ဖြတ်သန်းသွားလာရန် ရေလမ်းကြောင်းကို ၂၀၂၂ ခုနှစ်၊  မတ်လ ၁ ရက်မှစ၍ အစုန်၊ အဆန် ရေလမ်းအဖြစ်   ရေလယ်တိုင် (၃) နှင့် (၄) အကြား ပြောင်းလဲဖွင့်လှစ်မည်ဖြစ်ပါသည်။
 ပြောင်းလဲမည့် ရေလမ်းကြောင်း၏ ကင်းလွတ်အကျယ်မှာ မီတာ ၁၁၀ ရှိပြီး၊ ကင်းလွတ်အမြင့်မှာ  အမြင့်ဆုံး ရေမျက်နှာပြင်အထက်  ၁၇ မီတာရှိပါသည်။ ရေယာဉ်များ ဖြတ်သန်းရမည့် ဝင်ပေါက်တွင် နေ့အခါ အစိမ်းရောင် တြိဂံအမှတ်အသားပြသ၍   ညအခါ  မီးစိမ်းထွန်းပြသထားပါမည်။   မဝင်ရမည့် ရေလမ်းတွင်  နေ့အခါ   အနီရောင်  ကြက်ခြေခတ်အမှတ်အသားပြသ၍ ညအခါ မီးနီထွန်း ပြသထား ပါမည်။ 
တံတားတိုင်များ၏   အောက်ခြေပိုင်တိုင်အုတ်ခုံမှာ   ရေလယ်တိုင်များ၏    တစ်ဖက်တစ်ချက်တွင် ၁၅ ပေခန့်  ထိုးထွက်နေသဖြင့်    ရေယာဉ်များ  ရေလယ်တိုင် နှစ်ခုအကြားမှ ယှဉ်ပြိုင်ခုတ်မောင်းခြင်း မပြုရန် နှင့် တွဲတွန်းရေယာဉ်များ တစ်တွဲချင်းသာ    ချိတ်ဆွဲဖြတ်သန်းကြရန်အပြင်   အစုန်ဦးစားပေး၍  ဝင်ပေါက်သို့     ချဉ်းကပ်ရာတွင်    လုံလောက်သော  အကွာအဝေးမှ ချဉ်းကပ်  လမ်းကြောင်းမှန်ဖြင့် ထိန်းသိမ်းခုတ်မောင်းကြရန်  ရေအရင်းအမြစ်နှင့်  မြစ်ချောင်းများ  ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ရေလမ်းသတိပေးနှိုးဆော်ချက် သတင်းထုတ်ပြန်ထားသည်။
သတင်းစဉ်