နေပြည်တော် ဖေဖော်ဝါရီ ၁၁
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၌ လမ်းပန်းဆက်သွယ်မှု ပြတ် တောက်စေရန် ရည်ရွယ်လျက် အကြမ်းဖက် သမားများက ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၈ နာရီခွဲတွင် ကျိုက်ထိုမြို့နယ် မရမ်းကျေးရွာ မုပ္ပလင်ဘူတာနှင့် ကျိုက္ကသာ ဘူတာအကြားရှိ ရန်ကုန် - မော်လမြိုင်သွား ရထားလမ်းအား မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရ သည်။
ဖြစ်စဉ်မှာ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မရမ်းကျေးရွာ မုပ္ပလင်ဘူတာနှင့် ကျိုက္ကသာ ဘူတာအကြားရှိ ရန်ကုန်-မော်လမြိုင်သွား ရထားလမ်း သံလမ်းကူးတံတား အမှတ် ၃၈ (ပေ-၄၀) သံဖရိန်တံတား၌ အကြမ်းဖက်အဖွဲ့က အဆိုပါတံတား၏အလယ် ပေ ၂၀ ခန့်အကွာမှ လက်လုပ်မိုင်း တစ်လုံး၊ တံတားနှင့် ၈ ပေခန့်အကွာ သံလမ်းမှ လက်လုပ် မိုင်း နှစ်လုံးတို့ တစ်ပြိုင်တည်းဖောက်ခွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် မီးရထား သံလမ်းဇလီဖားတုံး ၁၁ တုံး ပျက်စီးခဲ့သဖြင့် မီးရထားများဖြတ်သန်း သွားလာခြင်းများ ရပ်ဆိုင်းထားခဲ့ရသည်။
ထိုကဲ့သို့ လမ်းပန်းဆက်သွယ်မှုပြတ်တောက်စေရန် ရည်ရွယ်လျက် ရထားသံလမ်းအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြမ်းဖက် သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်းနှင့် မုပ္ပလင်ဘူတာရုံပိုင်ကြီး ဦးစောနန်း ဦးစီးအဖွဲ့က မီးရထားများ ပြန်လည်သွားလာနိုင်ရေးအတွက် ပျက်စီးသွားသော ဇလီဖားတုံးများအား လဲလှယ်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်



