နိုင်ငံတကာသတင်း

25 Mar 2017

တိုကျို မတ် ၂၄

ဂျပန်ကာကွယ်ရေးဝန်ကြီး တိုမိုမီအီနာဒါ သည် တောင်ဆူဒန်၌ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းရေး လှုပ်ရှား ဆောင်ရွက်မှုတွင် ပါဝင်လျက်ရှိသည့် မြေပြင်ကာကွယ်ရေးအင်အားစုများ အား မေလကုန်တွင် အပြီးဆုတ်ခွာရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

 

25 Mar 2017

ဒါကာ မတ် ၂၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာ၏မြို့လယ် မိုတီဟီးလ် စီးပွားရေးခရိုင်ရှိ နိုင်ငံတော်ဗဟိုဘဏ် ၃၁ ထပ်တိုက် အဆောက်အအုံတွင် ယမန်နေ့က မီး အကြီးအကျယ်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ ကြောင်း မီးသတ်ဝန်ထမ်းတစ်ဦးက ပြောကြားခဲ့သည်။

 

25 Mar 2017
 
 
ဘရပ်ဆဲလ်  မတ်  ၂၄
 
ဘယ်လ်ဂျီယံနိုင်ငံမြောက်ပိုင်း အန်ဝါပ်မြို့ရှိ လူစည်ကား သော ဈေးတစ်ဈေးတွင် လူအုပ်ထဲသို့ ကားကို အရှိန် ပြင်းစွာမောင်းနှင်ရန် ကြိုးပမ်းခဲ့သူအား လုံခြုံရေးအရာရှိ များက  အချိန်မီ  တားဆီးနိုင်သည့်အတွက် လူတစ်ဦးမျှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း   ယနေ့သတင်းများ အရ သိရသည်။
 
25 Mar 2017
 
 
ဆိုးလ်  မတ်  ၂၄
 
တောင်ကိုရီးယားနိုင်ငံ၌ ၂ဝ၁၄ ခုနှစ်က နစ်မြုပ်ခဲ့သော ကူးတို့သင်္ဘောတစ်စင်းကို  ပြန်လည်ဆယ်ယူနိုင်ပြီဖြစ် ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက မတ် ၂၄ ရက် တွင် သတင်းထုတ်ပြန်သည်။
 
25 Mar 2017
 
 
ကိုင်ရို  မတ်  ၂၄
 
၂ဝ၁၁ ခုနှစ်တွင် အီဂျစ်သမ္မတ ရာထူးမှဖြုတ်ချခံခဲ့ရပြီးနောက် အာရပ် နွေဦးအုံၾကြွပုန်ကန်မှုအပြီး တရားစွဲဆိုခြင်းခံရသည့် ပထမဆုံးသော နိုင်ငံအကြီးအကဲဟောင်းဖြစ်သူ ဟော့စနီမူဘာရက်သည် ခြောက်နှစ်ကြာ ထိန်းသိမ်းခံခဲ့ရပြီးနောက် မတ် ၂၄ ရက်တွင် ပြန်လည်လွတ်မြောက် လာကြောင်း ၎င်း၏ ရှေ့နေက ပြောကြားသည်။
 
24 Mar 2017

ပြုံယမ်း မတ် ၂၃

ဂျပန်နိုင်ငံက မြောက်ကိုရီးယား နိုင်ငံကို စုံစမ်းထောက်လှမ်းမှုများလုပ် ဆောင်ရန် သူလျှိုဂြိုဟ်တုလွှတ်တင်ခဲ့ ခြင်းသည် မြောက်ကိုရီးယားနိုင်ငံကို ထပ်မံကျူးကျော်လိုသော စိတ်နေ သဘောထား ပေါ်လွင်စေကြောင်း မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယမန်နေ့က ပြောကြားခဲ့သည်။

 

24 Mar 2017

ပေကျင်း မတ် ၂၃

အရှေ့ဘက် တရုတ်ပင်လယ်အတွင်းရှိ တရုတ်နိုင်ငံက တရားဝင်ကြေညာထား သည့်ဇုန်အတွင်း၌ တရားမဝင်ပျံသန်း ဝင်ရောက်လာသည့် အမေရိကန်ဗုံးကြဲ လေယာဉ်ကို တရုတ်နိုင်ငံက သတိပေး မှု စီအင်န်အင်န်သတင်းတစ်ရပ်တွင် ဖော်ပြခဲ့ပြီးသည့်နောက် အမေရိကန် နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ လေကြောင်း ကာကွယ်ရေးဇုန်ကို လေးစားသမှု ပြုသင့်ကြောင်း ကြာသ ပတေးနေ့တွင် ပြောကြားခဲ့သည်။

 

24 Mar 2017
 
 
ကီးဗ်  မတ်  ၂၃ 
 
ယူကရိန်းနိုင်ငံအရှေ့ပိုင်း ဘာလက်လီယာမြို့ရှိ လက်နက် သိုလှောင်ရုံတစ်ခု၌ ပြင်းထန်သောပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သဖြင့် ဒေသခံပြည်သူ ၂ဝဝဝဝ ခန့်ကို   မြို့တော်မှ ဘေးလွတ်ရာနေရာများသို့ ပို့ဆောင်ပေးခဲ့ရကြောင်း ယနေ့ သတင်းများအရ သိရသည်။
 
မတ် ၂၃ ရက် ဒေသစံတော်ချိန် နံနက် ၃ နာရီခန့်တွင်  အဆိုပါလက်နက်သိုလှောင်ရုံ၌ ပြင်းထန်သော ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
 
23 Mar 2017

ထရီပိုလီ မတ် ၂၂

ပြီးခဲ့သည့် တနင်္လာနေ့မှ စတင်ကာ သုံးရက်တာကာလအတွင်း ရွှေ့ပြောင်း သွားလာသူများနှင့် ဒုက္ခသည် ၆ဝဝဝ ကျော်ကို မြေထဲပင်လယ်အတွင်းမှ ကယ်ဆယ်ခဲ့ရကြောင်း နိုင်ငံတကာ ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ အဖွဲ့အစည်းက ပြောကြားခဲ့သည်။
ရာသီဥတုအပူရှိန် ပိုမိုပြင်းထန် လာမှုကြောင့် ခရီးကြမ်းစွန့်စားသွား လာလျက်ရှိသည့် ဒုက္ခသည်များ၏ အသက်အန္တရာယ်ကို အထူးစိုးရိမ်ပူပန် ရသည့်အချိန်လည်း ဖြစ်သည်။

 

Pages