အင်းဝပြတိုက်နှင့် လမ်း (၈ဝ)ယဉ်ကျေးမှုပြတိုက်တို့အား ယခုနှစ်ခွင့်ပြုဘဏ္ဍာငွေကျပ်သိန်း ၈ဝဝ ဖြင့် ပြုပြင်ထိန်းသိမ်းသွားမည်

 
 
မန္တလေး  ဇွန်  ၂၆
 
ရှေးဟောင်းသုတေသနနှင့်အမျိုးသား ပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ)မှ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွက် ခွင့်ပြုဘဏ္ဍာငွေကျပ်သိန်း ၈ဝဝ ဖြင့် အင်းဝပြတိုက်   အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအပါအဝင်    လမ်း (၈ဝ) ယဉ်ကျေးမှုပြတိုက်နှင့်      ပယ်ပုံ တော်ဝင်းရှိ စာကြည့်တိုက်နှင့်ဝန်ထမ်း အိမ်ရာလျှပ်စစ်ဓာတ်အား     တိုးမြှင့် တပ်ဆင်ခြင်းလုပ်ငန်းများကို ဆောင် ရွက်သွားမည်ဖြစ်ကြောင်း    အဆိုပါ ဌာနမှညွှန်ကြားရေးမှူး ဒေါ်စိုးစိုးဝင်း က ပြောကြားသည်။
 
''အင်းဝပြတိုက်ကို မနှစ်ကအဆင့် မြှင့်တင်ပြုပြင်ခဲ့ပြီး   ကျန်နေသေးတဲ့ အပိုင်းတွေကို   ဒီနှစ်ဘဏ္ဍာငွေနဲ့ ဆက်လက်လုပ်ဆောင်မှာပါ။ လမ်း (၈ဝ) ပြတိုက်ကလည်း    မနှစ်က အဆင့်မြှင့်တင်ထားတဲ့အတွက် လိုအပ် တဲ့မီးအလင်းရောင်ပေးနိုင်ဖို့ လက်ရှိ ဗို့အားနဲ့မနိုင်တော့လို့ ၁ဝဝ  ကေဗွီ ထရန်စဖော်မာတစ်လုံး အသစ်လဲလှယ် တပ်ဆင်တာပါ''ဟု     ¤င်းကပြော သည်။
 
ထို့ပြင်   ပယ်ပုံတော်ဝင်းအတွင်း ထားရှိသည့်     စာကြည့်တိုက်နှင့် ဝန်ထမ်းအိမ်ရာများအတွက်လည်း ၂ဝဝ ကေဗွီ   ထရန်စဖော်မာတိုးမြှင့် တပ်ဆင်၍         လျှပ်စစ်လိုင်းကြိုးများ အသစ်သွယ်တန်းခြင်း    လုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါလုပ်ငန်းများအတွက် အင်းဝပြတိုက်    အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်ရန်ငွေကျပ်သိန်း ၃ဝဝ၊ လမ်း(၈ဝ)ယဉ်ကျေးမှုပြတိုက် ဗို့အား မြှင့်တင်ခြင်းလုပ်ငန်းအတွက် ငွေကျပ်သိန်း ၁၅ဝ နှင့် ပယ်ပုံတော် ဝင်းစာကြည့်တိုက်နှင့်ဝန်ထမ်းအိမ်ရာ များ       ဗို့အားတိုးမြှင့်ခြင်းလုပ်ငန်း အတွက် ငွေကျပ်သိန်း ၃၅ဝ သုံးစွဲ သွားမည်ဖြစ်သည်။
 
၂ဝ၁၆-၂ဝ၁၇     ဘဏ္ဍာနှစ်တွင်   အင်းဝပြတိုက်       အဆင့်မြှင့်တင်ခြင်း  လုပ်ငန်းအတွက်ခွင့်ပြုငွေကျပ်သိန်း၇၇ဝဖြင့်ဆောင်ရွက်ခဲ့ပြီး၎င်းနှစ်တွင် လမ်း(၈ဝ)နှင့်(၂၄)လမ်းထောင့်ရှိ ယဉ်ကျေးမှုပြတိုက်အား ခွင့်ပြုဘဏ္ဍာ ငွေကျပ်သိန်း ၁၂ဝဝ ဖြင့် အဆင့်မြှင့် တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
 
မင်းထက်အောင်(မန်းကိုယ်ပွား)
 
Featured News: