Skip to main content

ကယားဖူးနှစ်ခြင်း အသင်းတော် ဓမ္မသဘင်အတွက် ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေ ပေးအပ်

လွိုင်ကော်   မတ်   ၁၇

ကယားပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပြည်နယ်အတွင်းရှိ  ဘာသာသာသနာများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် လိုအပ်ချက်များကို တတ်စွမ်းသမျှ ဖြည့်ဆည်း ပံ့ပိုးပေးလျက်ရှိရာ ယမန်နေ့ နေ့လယ်  ၂ နာရီအချိန်တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်တို့က ကယားဖူးနှစ်ခြင်း အသင်းတော်အဖွဲ့၏ နှစ်စဉ် ကျင်းပမြဲဖြစ်သော (၃၆) ကြိမ်မြောက် ဓမ္မသဘင်နှင့် သင်းလုံးကျွတ် အစည်းအဝေး ပြုလုပ် ဆောင်ရွက်နိုင်ရန် အတွက် ရန်ပုံငွေ ကျပ်သိန်း (၂၀) အား ကယားဖူးနှစ်ခြင်း အသင်း တော် သိက္ခာတော်ရ ဆရာတော် ခူးရယ်ကျော်ထူးနှင့် တာဝန်ရှိသူထံ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဓမ္မသဘင်နှင့် သင်းလုံးကျွတ် အစည်းအဝေးကို ရှားတောနှစ်ခြင်းခရစ်ယာန် အသင်းတော် ဘုရား ကျောင်းတွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထွန်းလေး