နိုင်ငံတော်သမ္မတသတင်း

Post date: 03/20/2017 - 21:20

နေပြည်တော် မတ် ၂၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်     နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ ဖိတ်ကြား ချက်အရ မြန်မာနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသော ဖိလစ်ပိုင်သမ္မတ နိုင်ငံ သမ္မတ မစ္စတာ ရိုဒရီဂိုရိုဝါ ဒူတာတေးအား နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ယနေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။

Post date: 03/15/2017 - 21:45

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် စင်ကာပူသမ္မတနိုင်ငံ ဂုဏ်ထူးဆောင်ဝါရင့်ဝန်ကြီး မစ္စတာ ဂိုချောက်တောင်နှင့် အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

Post date: 03/12/2017 - 20:44

၂၀၁၇ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မဟာမင်္ဂလာ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ပရိဝုဏ်ရှိ သာသနာ့ မဟာဗိမာန်တော်ကြီး၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော် တက်ရောက်ကြည်ညို၍

ဒုတိယသမ္မတ ၁ သတင်း

Post date: 03/24/2017 - 19:45

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုင်နန်ပြည်နယ် ဘိုအောမြို့၌ ကျင်းပနေသည့် အာရှဒေသ ဆိုင်ရာ ဘိုအောဖိုရမ်သို့ တက်ရောက်ရန် ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ယနေ့ညနေပိုင်းတွင် ဘိုအောမြို့ရှိ နိုင်ငံတော်ဧည့်ဂေဟာ

Post date: 03/24/2017 - 17:32

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘိုအောမြို့တွင် ကျင်းပမည့် ၂၀၁၇ ခုနှစ် အာရှဒေသဆိုင်ရာ ဘိုအောဖိုရမ်နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်ရန်အတွက် ဒုတိယသမ္မတ ဦးမြင့်ဆွေ သည် အဖွဲ့ဝင်များနှင့်အတူ 

Post date: 03/16/2017 - 21:30

လုပ်ငန်းရှင်များ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် လွယ်ကူလျှင်မြန် ချောမွေ့စေရန်နှင့် လိုအပ်ချက်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဌာနအသီးသီးမှ ဖြည့်ဆည်းပေးရန် ရည်ရွယ်ချက်များဖြင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များနှင့် စတုတ္ထအကြိမ်ပုံမှန်တွေ့ဆုံ ဆွေးနွေးပွဲ ကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)  အစည်းအဝေးခန်းမ၌ ကျင်းပရာ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကား ပြောကြားသည်။

 
Post date: 03/03/2017 - 20:37

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၉နာရီတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ကျင်းပရာ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ် ကိုင်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အဖွင့်အမှာစကားပြော ကြားသည်။

Post date: 02/28/2017 - 14:02

ဒုတိယသမ္မတ ဦးမြင့်ဆွေသည် မြန်မာနိုင်ငံ၌ ချစ်ကြည်ခရီးရောက်ရှိနေသော ကမ္ဘောဒီယားနိုင်ငံ ဒုတိယ၀န်ကြီးချုပ် မစ္စတာ ဟော်နမ်ဟောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ

ဒုတိယသမ္မတ ၂ သတင်း

Post date: 03/23/2017 - 22:41

စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ပျဉ်းမနားမြို့နယ် မယ်ဇလီကုန်းကျေးရွာရှိ မြန်မာနိုင်ငံ လယ်ယာစီးပွား ရေးအများပိုင် ကော်ပိုရေးရှင်း လီမိတက် ၀င်းအတွင်း၌ ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ တက်ရောက်ဖွင့်လှစ်ပေးသည်။

Post date: 03/16/2017 - 21:14

တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ ခေါင်းဆောင်ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ဒိုးကွင်းကော်ဖီစက်ရုံ နှင့် ပုဂ္ဂလိက ကော်ဖီခြံများအား ကြည့်ရှုပြီး ပြင်ဦးလွင်မြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံးနှင့် ရတနာပုံမြို့သစ် စီမံကိန်းလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။

 
Post date: 03/15/2017 - 21:24

လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟို  ကော်မတီကော်မတီ ဥက္ကဋ္ဌ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ပိုင်းတွင်  မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဥ့်ကူးမြို့နယ်ခန်းမ၌ ကျင်းပသည့် စဥ့်ကူးမြို့နယ် နှင့် မတ္တရာမြို့နယ်တို့အတွင်းမှ ပြန်လည် စွန့်လွှတ်သည့်မြေ များအား မူလ တောင်သူများထံသို့ လယ်ယာမြေ လုပ်ပိုင်ခွင့် ပြုလက်မှတ်ပုံစံ(၇) ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာ စကား ပြောကြားသည်။

Post date: 03/13/2017 - 19:56

၂၀၁၇ ခုနှစ် ကမ္ဘာ့ရေနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာနအမှတ် (၂) ၌ ကျင်းပရာ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာ စကားပြောကြားသည်။

 
Post date: 03/02/2017 - 10:57

ချင်းပြည်နယ်တွင် ရောက်ရှိနေသော ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် အဖွဲ့သည် ယမန်နေ့ က ချင်းပြည်နယ်အတွင်းရှိ မတူပီ၊ ဆမီးနှင့် ပလက် ၀မြို့နယ်များအတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ စစ်ဆေးဆောင်ရွက်သည်။