နိုင်ငံတော်သမ္မတသတင်း

Post date: 01/24/2017 - 20:52

တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်တို့မှ ကျောင်းသား ကျောင်းသူများ၏ ဗဟိုအဆင့် အင်္ဂလိပ်ဘာသာစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၃နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II) ၌ကျင်းပရာ နိုင်ငံ တော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်တို့ တက်ရောက်အားပေး ချီးမြှင့်သည်။

Post date: 01/22/2017 - 19:06

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယနေ့ နံနက် ၁၁ နာရီခွဲတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ပန်းဝါလမ်း အမှတ် ၃၁ ရှိ ဦးသန့်နေအိမ်ပြ တိုက်သို့ သွားရောက်ကြည့်ရှုလေ့လာသည်။

Post date: 01/22/2017 - 19:02

နိုဘယ်-မြန်မာစာပေပွဲတော် ၂၀၁၇၊ ရသစာပေဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ မြို့မကျောင်း လမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးထင်ကျော် တက်ရောက် ချီးမြှင့်၍ ဖွင့်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

Post date: 01/21/2017 - 19:15
နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများထံမှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဂါရ၀ပြုဩဝါဒခံယူပွဲကို ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။
 
Post date: 01/18/2017 - 06:45

ဒီနေ့ ကျင်းပတဲ့ (၁၇) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံကို မြန်မာနိုင်ငံတစ်ဝန်းလုံးက တက်ရောက်လာကြတဲ့ မြန်မာ့ တိုင်းရင်းဆေး သမားတော်ကြီးများနဲ့ တိုင်းရင်းဆေးပညာရှင် အပေါင်းတို့ကို ဝမ်းမြောက် ဂုဏ်ယူစွာ နှုတ်ခွန်းဆက်သပါကြောင်းနဲ့ ကိုယ်စိတ်နှစ်ပါး ကြည်လင် ချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

Post date: 01/16/2017 - 21:15

စစ်ကိုင်းတိုင်းဒေသကြီး လဟယ်မြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် လဟယ်မြို့ စာရာမေရိရိပ်သာ၌ လဟယ်မြို့ပေါ်ရှိ ခရစ်ယာန်အသင်းတော်များမှ သိက္ခာတော်ရဆရာများ ၊ သင်းအုပ်ဆရာများနှင့် တွေ့ဆုံသည်။

Post date: 01/15/2017 - 06:39

ယနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ (၆၅)နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားကို ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခွင့်ရတဲ့အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ယနေ့ချိန်ခါဟာ ကယားပြည်နယ်အတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမများရဲ့ နေ့ထူးနေ့မြတ်အဖြစ် အသိအမှတ်ပြုထားတဲ့ ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ ကယားပြည်နယ်နေ့ ဖြစ်ပါတယ်။ ကယားပြည်နယ်အတွင်း နေထိုင်ကြတဲ့ ကယားတိုင်းရင်းသားများ၊ နိုင်ငံတစ်ဝန်းလုံးမှာ ပျံ့နှံ့နေထိုင်လျက်ရှိကြတဲ့ ကယားတိုင်းရင်းသားများနှင့်တကွ ပြည်ထောင်စုဖွားတိုင်းရင်းသားများအားလုံး ကောင်းကျိုးချမ်းသာ မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံပါစေကြောင်း နေ့ထူးနေ့မြတ်ဖြစ်တဲ့ ကယားပြည်နယ်နေ့မှာ ဆုမွန်ကောင်းနဲ့ နှုတ်ခွန်းဆက်သ အပ်ပါတယ်။

Post date: 01/14/2017 - 21:22

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်တို့သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့ တွင် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နှင့် လဟယ်မြို့ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

Post date: 01/13/2017 - 10:18

နေပြည်တော် ဇန်နဝါရီ ၁၂

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ယူကရိန်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပါဗလိုကလင်းကင်အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန် ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

Post date: 01/09/2017 - 20:34

အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၁၇) အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ တွင် နိုင်ငံတော် သမ္မတအိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားစီမံကိန်းကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးထင်ကျော် တက်ရောက်အမှာ စကား ပြောကြားသည်။

Pages