သတင်းများ

Post date: 04/23/2017 - 21:02

(၁၉-၄-၂၀၁၇) ရက်နေ့မှစတင်၍ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဂွဆုံပြင်ကျေးလက် ကျန်းမာရေးဌာနအပိုင် ညောင်ချောင်း၊ ဘွေးဝ၊ နေပဆေး၊ ဝင်ဝနှင့် လုံးတုံကျေးရွာ (၅) ရွာ တို့တွင် လူ (၁၀၀) ကျော်ခန့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့ပြီး နေပဆေးကျေးရွာမှ အသက် (၄၇) နှစ်အရွယ် အမျိုးသမီး (၁) ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသဖြင့် (၁၉-၄-၂၀၁၇) ရက်နေ့တွင် ဒါးလက်တိုက်နယ်ဆရာဝန်၊ ဒေါက်တာဇော်သန့်အောင် ဦးဆောင်သော ကွင်းဆင်းအဖွဲ့၊ (၂၀-၄-၂၀၁၇) ရက်နေ့ တွင်

Post date: 04/23/2017 - 20:51

(၂၂-၄-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်း၌ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွဲကျေးလက် ကျန်းမာရေးဌာန၊ သဘော့လိပ်ကျေးရွာ အလှူပွဲတွင် ကျွေးမွေးသော ထမင်း၊ ကြက်သားအာလူးချက်၊ ကင်းမွန်ကြော်၊ ငါးချဉ်သုပ်တို့အား (၂၂-၄-၂၀၁၇) ရက်နေ့၊ နံနက် (၆း၃၀) နာရီအချိန်ခန့်တွင် လူ (၇၀) ဦး ခန့်စားသုံးခဲ့ကြပြီး နံနက် (၈း၀၀) နာရီအချိန်မှစ၍ စားသုံးခဲ့ သူများအနက်မှ သံဃာ (၈) ပါး၊ လူ (၂၀) ဦး စုစုပေါင်း (၂၈) ဦးသည် ပျို့အန်ခြင်း၊ ဝမ်းသွားခြင်း ရောဂါလက္ခဏာများခံစား ခဲ့ရကြောင်း

Post date: 04/23/2017 - 20:16

ရှမ်းပြည်နယ်ဒေသအလိုက် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားကို တောင်ကြီးမြို့ မြို့တော်ခန်းမရှေ့၌ ယနေ့နံနက် (၉) နာရီတွင် စတင်ကျင်းပသည်။

Post date: 04/23/2017 - 19:56

အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် ဖျာပုံခရိုင်၊ ဘိုကလေးမြို့နှင့် ဖျာပုံမြို့နယ်၊ ကျုံကန်ကျေးရွာတို့၌ သဘာဝဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် သဘာဝဘေး ရင်ဆိုင်တုံ့ပြန်ရန် အဆင်သင့်ဖြစ်စေရေး ရပ်ကွက်ကျေးရွာရှိ ပြည်သူ လူထုနှင့် တွေ့ဆုံဆွေးနွေးသည်။

Post date: 04/22/2017 - 20:13

နေပြည်တော် ဧပြီ ၂၂

ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းသည် တရုတ်နိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ ဧပြီ ၁၇ ရက်မှ ၂၂ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တရားဝင်ခရီးသွားရောက်ခဲ့သည်။

Post date: 04/22/2017 - 19:44

နေပြည်တော် ဧပြီ ၂၂

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဂျာမနီနိုင်ငံ တပ်မတော်စစ်ဦးစီးချုပ် General Volker Weiker ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ၌ ချစ်ကြည်ရေးခရီးလည်ပတ်ရန်  ယနေ့ နံနက် ၈ နာရီ ၁၀ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှထွက်ခွာသွားကြသည်။

Post date: 04/22/2017 - 18:49

နေပြည်တော် ဧပြီ ၂၂

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် လုပ်ငန်းကော်မတီများ ညှိနှိုင်း အစည်း အဝေးကို ဧပြီ ၂၁ ရက် နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက တက်ရောက်အမှာစကား ပြောကြားသည်။

Post date: 04/22/2017 - 18:39

ဖလမ်း ဧပြီ ၂၂

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်နှင့်အတူ ဧပြီ ၂၁ ရက် နံနက်ပိုင်းက ဟားခါးမြို့ ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည့် မြေနေရာနှင့် မြို့တော် ခန်းမနေရာတို့အား ကြည့်ရှုကြသည်။

Post date: 04/21/2017 - 20:22

နေပြည်တော် ဧပြီ ၂၁

မြန်မာနိုင်ငံငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတတ်ရေးစီမံကိန်း (Myanmar Financial Development Project) အတွက် ကမ္ဘာ့ဘဏ်ထံမှ အတိုးနှုန်းသက်သာသော နှစ်ရှည်ချေးငွေ အမေရိကန်ဒေါ်လာ သန်း၁၀၀ နှင့် ညီမျှသော SDR ၇၁ ဒသမ ၇၀၀ သန်းရယူနိုင်ရန် ဧပြီ ၁၁ ရက်က နေပြည်တော်ရှိ Kempiski Hotal  ၌ ချေးငွေစာ ချုပ်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

Post date: 04/21/2017 - 20:13

ရန်ကုန် ဧပြီ ၂၁ 

ကမ္ဘာ့ကင်းထောက်အဖွဲ့ချုပ်နှင့် အာရှပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက်အဖွဲ့၏ ဖိတ်ကြားချက်အရ (၉)ကြိမ်မြောက် အာရှပစိဖိတ် ဒေသဆိုင်ရာ ကင်းထောက်ခေါင်းဆောင်များ ညီလာခံ (9th APR Scout Leaders Summit) တက်ရောက်ရန် မြန်မာနိုင်ငံကင်းထောက် ကော်မတီဥက္ကဋ္ဌ အမျိုးသားကင်းထောက်ချုပ် ဒေါက်တာတင်ညိုနှင့် အဖွဲ့သည် ယနေ့ နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာရာ မြန်မာနိုင်ငံ ကင်းထောက်ကော်မတီ တွဲဘက်အတွင်းရေးမှူး ဦးအေးကြိုင်နှင့် ကင်းထောက် ကြီးများက ပို့ဆောင်နှုတ်ဆက်ကြသည်။

Pages