ဒုတိယသမ္မတဦးမြင့်ဆွေ နိုင်ငံ့ဝန်ထမ်းအိမ်ရာနှင့် အငှားအိမ်ရာစီမံကိန်း ပန္နက်တော်တင် မင်္ဂလာအခမ်းအနား သို့တက်ရောက်၊ ရဲရွာရေအားလျှပ်စစ် စီမံကိန်း လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး
Post date: Wed, 07/26/2017 - 20:33

 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ သည် ယနေ့တွင် မန္တလေးတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်တည်ဆောက်မည့် အောင်မြေ မန္တလာနိုင်ငံ့ဝန်ထမ်းအိမ်ရာနှင့် အငှားအိမ်ရာစီမံကိန်း ပန္နက်တော်တင်မင်္ဂလာအခမ်းအနား သို့တက်ရောက်ပြီး ရဲရွာရေအားလျှပ်စစ်စီမံကိန်းရှိ စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ကျင်းပ
Post date: Wed, 07/26/2017 - 18:05

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ၁၄ ရက် မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၏ မြန်မာနိုင်ငံဆိုင်ရာ Country Director နှင့် အစ္စရေးနိုင်ငံ ဂျေရုဆလင်မြို့ ဟီဘရူးတက္ကသိုလ် စိုက်ပျိုးရေးဘောဂဗေဒဌာန ပါမောက္ခနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
Post date: Wed, 07/26/2017 - 16:37

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (United Nations Development Programme-UNDP) ၏ မြန်မာနိုင်ငံဆိုင်ရာ Country Director, Mr.Peter Batchelor အား ယနေ့နံနက် ၁၀ နာရီတွင်လည်းကောင်း၊ အစ္စရေးနိုင်ငံ ဂျေရုဆလင်မြို့၊ ဟီတရူးတက္ကသိုလ်၊ စိုက်ပျိုးရေး ဘောဂဗေဒဌာန ပါမောက္ခ Prof.Ayal Kimhi ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် လည်းကောင်း နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ သီးခြားစီ လက်ခံတွေ့ဆုံသည်။

ချောင်းရေတိုက်စားမှုကြောင့် ပျက်စီးခဲ့သော ဘေလီတံတားများ ပြန်လည် တည်ဆောက်ပြီးစီး
Post date: Tue, 07/25/2017 - 15:25

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ထမံသီနှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်သို့ ဆက်သွယ်ဖောက်လုပ်ထားသော ထမံသီ-လေရှီးကားလမ်း မိုင်တိုင်အမှတ် (၂၈/ဝ)ရှိ အရှည်ပေ ၈ဝ ရှိ သံပေါင် ဘေလီတံတားကို ပြန်လည်တည်ဆောက်ပြီးဖြစ်သဖြင့် မော်တော် ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ ပုံမှန် သွားလာနိုင်ပြီဖြစ်ကြောင်း မြို့နယ် စီမံခန့်ခွဲမှု ကော်မတီရုံးမှ သိရသည်။

စစ်တောင်းမြစ်ရေမြင့်တက်ခြင်းကြောင့် ကမ်းဘေးကျေးရွာ များနှင့်ရွှေကျင်မြို့ပေါ် အနိမ့်ပိုင်းရပ်ကွက် များ ရေမြုပ်
Post date: Tue, 07/25/2017 - 15:22

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့၌ စစ်တောင်းမြစ်ရေမြင့်တက်လျက်ရှိရာ ဇူလိုင် ၂၄ ရက် ညနေ ၃ နာရီခွဲအချိန်တိုင်းထွာချက်အရ ၁၁၅၃ စင်တီ မီတာသို့ရောက်ရှိပြီး စစ်တောင်းမြစ်၏ စိုးရိမ်ရေမှတ်မှာ စင်တီမီတာ ၁ဝ၇ဝ ဖြစ်သောကြောင့် စစ်တောင်းမြစ်ဘေးကျေးရွာများနှင့် ရွှေကျင် မြို့ပေါ်ရှိ အနိမ့်ပိုင်း ညောင်ဝိုင်းတရုတ္တန်း ရပ်ကွက်အတွင်း ရေနစ်မြုပ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းများသို့ အသေးစား အရင်းအနှီးချေးငွေနှင့် လယ်ယာသုံး စက်ကိရိယာများ ပေးအပ်
Post date: Tue, 07/25/2017 - 15:17

ကချင်ပြည်နယ် သမဝါယမဦးစီးဌာနမှ ပြည်နယ်အတွင်းရှိ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းများသို့ အသေးစား အရင်းအနှီးချေးငွေနှင့် လယ်ယာသုံးစက်ကိရိယာများ ပေးအပ်ပွဲ၊ သမဝါယမလုပ်ငန်းများတွင် အကောင်းဆုံးစွမ်းဆောင်နိုင်သည့် မြို့နယ်များ၊ ထုတ်လုပ်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနှင့် ကုန်သွယ်မှုကဏ္ဍတို့ တွင် အကောင်းဆုံးဆောင်ရွက်နိုင်သည့် သမဝါယမ အသင်းများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင်လ ၂၄ ရက်နေ့ နံနက် (၉)နာရီ (၃၀) မိနစ်တွင် မြစ်ကြီးနားမြို့ မြို့တော် ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မဒေါက်မြို့စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် ဆက်လက် မြင့်တက်၍ အရေးပေါ် ကယ်ဆယ်ရေး စခန်းများ ပြင်ဆင်ထားရှိ
Post date: Tue, 07/25/2017 - 15:14

မဒေါက်မြို့စစ်တောင်းမြစ်ရေသည် ဇူလိုင် ၂၄ ရက်နေ့ မွန်းလွဲ ၁၂နာရီ ၃၀ မိနစ်အချိန်တွင် တိုင်းတာချက်အရ ၁၁၅၂ စင်တီမီတာ သို့ ရောက်ရှိနေပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ် ၁၀၇၀ စင်တီမီတာ အထက် ၈၂ စင်တီမီတာ ကျော်လွန်ကာ ဆက်လက်မြင့်တက်လျက်ရှိပြီး အရေးပေါ်ကယ်ဆယ်ရေးစခန်းများ ပြင်ဆင်ထားရှိကြောင်း သိရ သည်။

1
2
3
4
5
6
7

နိုင်ငံတော်အကြီးအကဲများ၏ မိန့်ခွန်းများ

စ်ခင်လေးစားအပ်ပါသော မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး မင်္ဂလာပါ ခင်ဗျား-

ဒီနေ့ မတ်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ (၄၃)နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားကို ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခွင့်ရတဲ့အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဒီကနေ့ဟာ မွန်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြ တဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမများရဲ့ နေ့ထူးနေ့မြတ်အဖြစ် အသိအမှတ်ပြုထားတဲ့ ကျက်သရေမင်္ဂလာ

ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများ၏ မိန့်ခွန်းများ

ဒီကနေ့ နေပြည်တော်မှာကျင်းပတဲ့ ကလေးစာပေပွဲတော်ကို ကြွရောက်လာကျတဲ့ ပြည်ထောင်စု ၀န်ကြီးများ၊ ဇနီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ဒုတိယ၀န်ကြီးမျုား၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကလေးစာပေမှာ စိတ်ဝင်စားသော၊ ဆောင်ရွက်နေသော ပုဂ္ဂိုလ်များ ဆရာ၊ ဆရာမများနဲ့ ကြွရောက်လာကြတဲ့ ကလေးများ အားလုံးကို ကျေးဇူးတင်ကြောင်း ပထမဆုံး ပြောချင်ပါတယ်။ ကျွန်တော်တို့ကလေးစာပေပွဲတော်နဲ့ နာမည်နဲ့ စာပေပွဲတစ်ခုကို ဒီနှစ် စောစောပိုင်း ဇန်န၀ါရီလထဲက ကျွန်တော်တို့ ရန်ကုန်မြို့မှာ ကျင်းပပါတယ်။ ရန်ကုန်မြို့မှာ အဲအချိန်က