ဆောင်းပါး

Post date: 05/18/2017 - 15:25

Brexit ဆိုတဲ့ ဝေါဟာရတစ်ခု ခုတစ်လောပေါ်ထွက်လာပြီး လူပြောသူပြောများနေပါတယ်။ ဒီဝေါဟာရက ဗြိတိန် Britain ထွက်ခွာခြင်း Exit ဆိုတဲ့ စကားလုံးနှစ်ခုကို ပေါင်းစပ်ပြီး Brexit လို့ဖြစ်လာတာပါ။

Post date: 05/16/2017 - 15:03

စာမဖတ်သောကလေးသည် သူ၏ အနာဂတ်ကမ္ဘာကို သော့ခတ်ထားသည် နှင့် တူပါသည်။ လူကြီး၊ လူကောင်း၊ ဆရာ၊ မိဘ၊ ဆွေမျိုးသားချင်းတို့က ဝိုင်း၍ ကလေးတို့၏ အနာဂတ်ကမ္ဘာ၏ တံခါးပေါက်ကို သော့ဖွင့်ထား၍

Post date: 05/16/2017 - 14:58

ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့ အမွေအနှစ်စာရင်း တင်သွင်းရေးအတွက် ယဉ်ကျေးမှုဇုန် ပြင်ဆင်သတ်မှတ်ဆောင်ရွက်ရာတွင် ဒေသခံပြည်သူ များ၏ အကျိုးစီးပွားကို မထိခိုက်အောင်

Post date: 05/16/2017 - 14:55

ပြီးခဲ့တဲ့ ရက်ကတော့ ICTသတင်းအချက်အလက် တွေကို ခေတ်မီနည်း ပညာသုံးပြီး ကျွန်တော်တို့ကိုယ်စီ အကျိုးစီးပွားအတွက် ဘယ်လိုအကျိုး ရှိအောင်သုံးစွဲ ကြရမယ်။ ဒီလိုသုံးစွဲတဲ့နေရာမှာလည်း ဘယ်အချက် တွေကိုတော့

Post date: 05/13/2017 - 08:35

ရန်ကုန်မြို့ရှိ နာမည်ကြီးလက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် သတင်းစာတစ်စောင်ကို ကိုင်ထားသည့်လူငယ်က ယနေ့ နံနက်အတွက် စိတ်အဝင်စားဆုံးဖြစ်သည့် သတင်းတစ်ပုဒ်ကို အပေါင်းအသင်းတချို့အား ဦးဆောင် ဆွေးနွေး လျက်ရှိသည်။

Post date: 05/12/2017 - 10:51

''ပုဒ်မ ၆၆ (ဃ)''ဟု ရေးလျှင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ကို ဆိုလိုခြင်း ဖြစ်ကြောင်း အများအသိဖြစ်ပါသည်။ ဘာကြောင့်လဲ။ ယနေ့လူတိုင်း ပါးစပ်ဖျား တွင် အပြောများနေသော ပုဒ်မ၊ 

Post date: 05/08/2017 - 15:52

အိန္ဒိယနိုင်ငံ ကြက်ခြေနီအသင်း၏ အသင်းခွဲတစ်ခုအဖြစ် ၁၉၂ဝ ပြည့်နှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် မြန်မာ နိုင်ငံကြက်ခြေနီအသင်းသည် ၁၉၃၇ ခုနှစ်တွင်

Post date: 05/05/2017 - 09:36

တရားရုံးများနှင့် တရားစီရင်ခြင်းလုပ်ငန်းရပ်များအပေါ် ဝေဖန်မှုများ၊ သုံးသပ်မှုများ ပြောဆိုရေးသားနေကြသည်ကို မကြာမကြာ ကြားနေရ၊ ဖတ်နေရသည်။ နှစ်ခြိုက်စရာတွေ့ရှိရသည်။ 

Post date: 05/01/2017 - 09:13

ဧပြီလ ၁ ရက်ဟာ ကျွန်တော့်ဘဝအတွက် မမေ့နိုင်တဲ့ရက် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၅၁နှစ် ၁၉၆၆ မှာ ကျွန်တော်ဟာ စီးပွားရေး တက္ကသိုလ်မှာ နည်းပြဆရာအဖြစ် တာဝန်ပေးအပ် ခြင်းခံရတယ်။ ကျွန်တော်က ၁၉၆၅ ခုနှစ်မှာ ဝါဏိဇ္ဇ ဝိဇ္ဇာဘွဲ့ ကို ရခဲ့တယ်။ ကျွန်တော်နဲ့အတူ ဘွဲ့ရတဲ့သူအများစုက ဝန်ကြီးဌာနတွေမှာ အလုပ်ဝင်ခဲ့ကြတယ်။ အရာရှိအဆင့်ရ တာမို့ လစာကလည်း တစ်လငွေကျပ် ၃၅ဝ။ ပြန်တမ်းဝင် အရာရှိတွေ။ နည်းပြဆရာအလုပ်ကို ရာထူးဝန်အဖွဲ့ စိစစ်တဲ့ နှုတ်ဖြေစာမေးပွဲကို ရန်ကုန်မြို့ ကမ်းနားလမ်းမှာရှိတဲ့ ခြောက်ထပ်ရုံးကြီးမှာ ဖြေဆိုခဲ့ရတယ်။ လစာက တစ်လ ငွေကျပ် ၂ဝဝ နဲ့ ရှားပါးစရိတ်ပေါင်းရင် ငွေကျပ် ၃ဝဝ မပြည့်ဘူး။

Post date: 05/01/2017 - 09:12

လွန်ခဲ့သော နှစ် ၁၄ဝ ခန့်၊ ခရစ်နှစ် ၁၈၇၇ ခုနှစ် မေလ တစ်ရက်နေ့ နံနက်ခြောက်နာရီတွင် A 01 ရေနွေးငွေ့စက်ခေါင်းနှင့် ချိတ်ဆက်ထားသည့် ရထားတွဲ ၁၃ တွဲသည် ရန်ကုန်ဘူတာကြီးမှ ပြည်မြို့သို့ ထွက်ခွာလိုက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ မီးရထားသမိုင်းကို ဖွင့်လှစ်ခဲ့သည်။ ထိုနေ့က ရန်ကုန်မြို့မှ ပြည်မြို့သို့ ထွက်ခဲ့သည့်မြန်မာနိုင်ငံ၏ ပထမဆုံးမီးရထားသည် ရန်ကုန် ဘူတာကြီးမှ ကိုးမိုင်ကွာဝေးသည့် အင်းစိန်ဘူတာအထိ ခုတ်မောင်းခဲ့ကာ လမ်းတွင် ကြည့်မြင်တိုင်ဘူတာနှင့်သမိုင်းဘူတာတို့တွင် ရပ်နားခဲ့သည်။ မြန်မာနိုင်ငံတွင် ပထမဆုံး ပြေးဆွဲခဲ့သည့် ရထားစက်ခေါင်းသည် ပေါင်ချိန် ၃၈၅၇ ဆွဲအားရှိသည့် ၁၈ တန် အင်ဂျင်ဖြစ်ပြီး ရိုးရိုးတွဲ ၁၂ တွဲ နှင့် သီးသန့်တွဲ တစ်တွဲ ပါရှိခဲ့သည်။ ရန်ကုန်-ပြည် မီးရထားလမ်းဖွင့်ပွဲ အခမ်းအနားသို့ အောက်မြန်မာပြည် ဝန်ရှင်တော်မင်းကြီး ဆာအေရေဗားသွန်မဆင် တက်ရောက်ခဲ့ပြီး မီးရထားတွင်လိုက်ပါစီးနင်းခဲ့သည်။ ရန်ကုန်ဘူတာမှ မီးရထားစတင် ထွက်ခွာချိန်တွင် ပေထုတ်များ ပစ်ဖောက်၍ဂုဏ်ပြုခဲ့ကြပြီး ရန်ကုန်မြို့သူ မြို့သားများသည် မီးရထားကို ပထမဆုံးအကြိမ် မြင်တွေ့ကြရသဖြင့် အံ့သြခဲ့ကြသည်ဟု ဆိုသည်။

Pages