အပေါ့စားနှင့်ဖိအားမြင့်ခံကွန်ကရစ်အုတ်စက်ရုံဖွင့်ပွဲကျင်းပ
Post date: Sat, 05/27/2017 - 21:25

ရန်ကုန်- မေ၂၇

နိုင်ငံတော်၏စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်Public Private Partnership အစီအစဉ်အရ စက်မှုဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့်မြန်မာနိုင်ငံသားပိုင် Mother Industrial Co., Ltd ကတည်ဆောက်သည့် အပေါ့စားကွန်ကရစ် အုတ်နှင့်ဖိအားမြင့်ခံ ကွန်ကရစ်အုတ်စက်ရုံဖွင့်ပွဲကို ယနေ့နံနက်၉နာရီက ရန်ကုန်မြို့ အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက်ပုလဲလမ်းရှိ အဆိုပါစက်ရုံ၌ ကျင်းပရာဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အားပေးပြီး စက်ရုံ ကမ္ပည်းမော်ကွန်းကို စက်ခလုတ်နှိပ်၍ဖွင့်လှစ်ပေးသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးကျင်းပ
Post date: Sat, 05/27/2017 - 21:05

နေပြည်တော်  မေ ၂၇

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ကျင်းပပြီး ကဏ္ဍအလိုက်၊ အစုအဖွဲ့အလိုက် ဆွေးနွေးခဲ့သည့် အကြောင်း အရာများကို ပြန်လည်သုံးသပ်ဆွေးနွေးကြသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးကို မေလ (၂၉)ရက်နေ့အထိ ဆက်လက်ကျင်းပမည်
Post date: Sat, 05/27/2017 - 19:19

၂၀၁၇ ခုနှစ်၊ မေလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပလျက် ရှိသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးအား မေလ (၂၉)ရက်နေ့ (တနင်္လာနေ့)အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ ကျင်းပရေး ဗဟိုကော်မတီမှ ထုတ်ပြန်ထားကြောင်း သိရှိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစုပင်လုံ (ဒုတိယအစည်းအဝေး) ဂုဏ်ပြုညစာစားပွဲ ကျင်းပ
Post date: Wed, 05/24/2017 - 23:06

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစုပင်လုံ ( ဒုတိယ အစည်းအဝေး) သို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များအား ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲကို ယနေ့ည(၇)နာရီတွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ကျင်းပသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစုပင်လုံ (ဒုတိယအစည်းအဝေး) ဖွင့်ပွဲအခမ်းအနား ကျင်းပ
Post date: Wed, 05/24/2017 - 22:50

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစုပင်လုံ (ဒုတိယ အစည်းအဝေး) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) (MICC – 2) ၌ ကျင်းပသည်။

ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ဦးတင်ထွန်းနိုင် ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး H.E. Mr.Paul R. Seger အား တွေ့ဆုံ
Post date: Wed, 05/24/2017 - 22:45

ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ဦးတင်ထွန်းနိုင်သည် ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး H.E. Mr.Paul R. Seger အား ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အမှတ် (I-7) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -(၂၁-ရာစု) ပင်လုံ ဒုတိယ အစည်းအဝေးနှင့် ပတ်သက်၍ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှူး အဖွဲ့ဝင်များ သတင်းစာ ရှင်းလင်းပွဲပြုလုပ်
Post date: Wed, 05/24/2017 - 22:38

ယနေ့ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁-ရာစု) ပင်လုံ ဒုတိယအစည်းအဝေး ပထမနေ့ အပြီးတွင် ပြည်ထောင်ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူး အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း၊ ဦးစိုင်းကျော်ညွန့်၊ ဦးလှမောင်ရွှေ ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)နှင့် ဦးဇော်ဋ္ဌေးတို့သည် အစည်အဝေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်တွင်း ပြည်ပ မီဒီယာများအား သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

1
2
3
4
5
6
7

MRTV News

 

ဆီးရီးယားမြောက်ပိုင်း လက်နက်ကိုင်များ ထိန်းချုပ်ထားရာရပ်ဝန်းကို တိုက်ခိုက်ရာမှာ ဆီးရီးယား တပ်ဖွဲ့ဝင်များသည် အာရုံကြောထိခိုက်စေသည့် ဆာရင်းဓါတ်ငွေ့ အသုံးပြုခဲ့သည်မှာ ထင်ရှားသေချာကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးပြောကြား

Obama ကျန်းမာရေးစောင့်ရှောက်မှုစနစ် Obama care ၏အဓိကအချက်များကို ဖယ်ရှားရန်အတွက် ဥပဒေမူကြမ်းတစ်ခုကို အထက်လွှတ်တော်မှ ကိုယ်စားလှယ်များ လက်မှတ်ရေးထိုးခဲ့ခဲ့

ကာဇတ်စတန်၏ မြို့တော်တွင် ကျင်းပသည့် ဆီးရီးယားငြိမ်းချမ်းရေးဆွေးနွေးပွဲ၏ စတုတ္ထအကြိမ်ဆွေးနွေးမှုတွင် ဆီးရီးယားတွင် ဘေးကင်းဇုန်များတည်ထောင်သွားရန် ရုရှား၊ အီရန်နှင့် တူရကီတို့ လက်မှတ်ရေးထိုးခဲ့

 

IPRD News

NPE News

PPD News

MMPDD News

နိုင်ငံတော်အကြီးအကဲများ၏ မိန့်ခွန်းများ

စ်ခင်လေးစားအပ်ပါသော မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး မင်္ဂလာပါ ခင်ဗျား-

ဒီနေ့ မတ်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ (၄၃)နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားကို ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခွင့်ရတဲ့အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဒီကနေ့ဟာ မွန်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြ တဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမများရဲ့ နေ့ထူးနေ့မြတ်အဖြစ် အသိအမှတ်ပြုထားတဲ့ ကျက်သရေမင်္ဂလာ

ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများ၏ မိန့်ခွန်းများ

ဒီကနေ့ နေပြည်တော်မှာကျင်းပတဲ့ ကလေးစာပေပွဲတော်ကို ကြွရောက်လာကျတဲ့ ပြည်ထောင်စု ၀န်ကြီးများ၊ ဇနီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ဒုတိယ၀န်ကြီးမျုား၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကလေးစာပေမှာ စိတ်ဝင်စားသော၊ ဆောင်ရွက်နေသော ပုဂ္ဂိုလ်များ ဆရာ၊ ဆရာမများနဲ့ ကြွရောက်လာကြတဲ့ ကလေးများ အားလုံးကို ကျေးဇူးတင်ကြောင်း ပထမဆုံး ပြောချင်ပါတယ်။ ကျွန်တော်တို့ကလေးစာပေပွဲတော်နဲ့ နာမည်နဲ့ စာပေပွဲတစ်ခုကို ဒီနှစ် စောစောပိုင်း ဇန်န၀ါရီလထဲက ကျွန်တော်တို့ ရန်ကုန်မြို့မှာ ကျင်းပပါတယ်။ ရန်ကုန်မြို့မှာ အဲအချိန်က