ပြည်ပမှလာရောက်ရိုက်ကူးခြင်း

စီးပွားဖြစ်ရိုက်ကူးခြင်း

နေရာ ၊ ဒေသ အမေရိကန်ဒေါ်လာ (US$)
ပုဂံညောင်ဦးဒေသ ၃၀၀၀
ညောင်ရွှေ အင်းလေးဒေသ ၃၀၀၀
မန္တလေး ၊ စစ်ကိုင်း ၊ အင်း၀ ၊ မင်းကွန်း ၃၀၀၀
ရန်ကုန် ၂၀၀၀
ကျိုက်ထီးရိုး ၂၀၀၀
တောင်ကြီး ၊ ဖယ်ခုံ ၂၀၀၀
ပြင်ဦးလွင် ၂၀၀၀
ငပလီ ၊ မြောက်ဦး ၂၀၀၀
ကျိုင်းတုံ ၊ တာချီလိတ် ၊ မိုင်းလား (သံလွင်အရှေ့ဘက်ခြမ်း ၊ တောင်ခြမ်း) ၂၀၀၀
ကော့သောင်း ၂၀၀၀
ပြည် ၁၅၀၀
ပဲခူး ၊ တောင်ငူ ၁၅၀၀
ချောင်းသာ ၊ ကမ်းသာယာ ၁၀၀၀
မော်လမြိုင် ၊ ကျိုက္ခမီ ၊ စက်စဲ ၁၀၀၀
မြ၀တီ ၊ ဘားအံ ၁၀၀၀
မောင်းမကန် ၊ ထား၀ယ် ၊ ကံပေါက် ၁၀၀၀
မြိတ်နှင့်ကျွန်းများ ၁၀၀၀
ပင်းတယ ၁၀၀၀
ချင်းတောင် ၊ ကချင်ပြည်နယ် ၊ ကယားပြည်နယ် ၁၀၀၀

သာမန်မှတ်တမ်းရိုက်ကူးခြင်း
       သာမန်သတင်းမှတ်တမ်းရိုက်ကူးလိုသော နိုင်ငံခြားရိုက်ကူးရေးအဖွဲ့များအတွက် ရိုက်ကွင်းကြေး(Area Fees)ကို အထက်အပိုဒ်(၁)တွင် ဖော်ပြထားသည့် ဒေသတစ်ခုလျှင် အမေရိကန်ဒေါ်လာ (၅၀၀) သတ်မှတ်ပါသည် ။
      စီးပွားဖြစ်ရိုက်ကူးခြင်းနှင့် သာမန်ရိုက်ကူးခြင်းများအတွက် ရိုက်ကွင်းကြေး (Area Fees) ကို ဖော်ပြပါ သတ်မှတ်နှုန်းထားများအတိုင်း တောင်းခံယူရန်နှင့် ရုပ်ရှင် ၊ ဗီဒီယိုရိုက်ကူးခြင်းများအတွက် ကြီးကြပ်ခ ( Service Charges )ကို တစ်ရက်လျှင် အမေရိကန်ဒေါ်လာ (၃၀၀) ထပ်မံရယူဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ လိုက်ပါကြီးကြပ်သည့် ဆက်သွယ်ရေးအရာရှိများအတွက် သွားလာနေထိုင်စားသောက် စရိတ်ကိုလည်း နိုင်ငံခြားရိုက်ကူးရေးအဖွဲ့က ကျခံရမည်ဖြစ်ပါသည် ။