ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ဆင်ပေါင်ဝဲမြို့နယ် လယ်ကျိုးကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် လယ်ကျိုးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

လူငယ်များ ဗလငါးတန်ဖွံဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်းကျင်းပ

လူငယ်များဗလငါးတန်ဖွံဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်း အသိပညာပေး အစီအစဉ်ကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ပြည်မြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့မွ န်းလွဲ ၁၂ နာရီခွဲနာရီအချိန်က သရက်ချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ‌၌ ကျင်းပခဲ့သည်။

ဖြူးမြို့နယ် (Community Centre) ခန်းမ၌ ​ကျောင်းသား/ကျောင်းသူများအား စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများပြုလုပ်ပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကျောင်းသား/ကျောင်းသူများအား စာဖတ်ရှိန်မြင့်မား​ရေး၊ စာဖတ်စွမ်းရည်များ တိုးတက်စေရေးအတွက် ရည်ရွယ်၍ အခြေခံပညာမူလတန်းလွန်ကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယနေ့ နံနက် (၁၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (Community Centre) ခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့၊ ထုံးဘို (အ.မ.က) တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့်လူငယ်အသိပညာပေး ဟောပြောဆွေးနွေး

စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ထုံးဘိုအခြေခံပညာမူလတန်းကျောင်းတို့ ပူးပေါင်း၍ ဇန်နဝါရီ(၁၆)ရက်၊ နံနက်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်အသိပညာ ပေးဟောပြော ဆွေးနွေးပွဲကို အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဖြူးမြို့နယ်၌ (၇၇) နှစ်မြောက်​ ပြည်ထောင်စုနေ့အကြို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ မြို့ပေါ်အခြေခံပညာကျောင်းများရှိ ကျောင်းသား/ ကျောင်းသူများအားဖိတ်ခေါ်၍ (၇၇) နှစ်မြောက်​ ပြည်ထောင်စုနေ့အကြို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံး၏ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော်ကို ယနေ့ နံနက် (၉) နာရီအချိန်က မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်း ဆောင်ရွက်

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ် သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို  ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်  မြို့နယ်ရုံးဝန်ထမ်းများက သဲကျွန်းကျေးရွာနှင့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတို့သို့ သွားရောက်ငှားရမ်းပေးကြသည်။

ဟုမ္မလင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွ​င်ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများအား ဥာဏ်ရည်၊ဥာဏ်သွေး ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကိုယ်ရည်ကိုယ်သွေးထက်မြတ်လာစေရန် အသိပညာဗဟုသုတများ တိုးတက်လာစေရန်ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်နှင့်ပုံပြော၊ ကဗျာရွတ်ပွဲများကိုဇန်နဝါရီ (၁၅) ရက်နေ့၊ နေလည် (၁) နာရီခွဲအချိန်ကလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့၊ တကောင်း(အ.မ.က)တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်အသိပညာပေး ဟောပြောဆွေးနွေး

စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တကောင်းရပ် အခြခံပညာ မူလတန်းကျောင်းတို့ ပူးပေါင်း၍ စာဖတ်ရှိန် မြှင့်တင်ရေးနှင့် လူငယ်အသိပညာပေး ဟောပြော ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ