ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက် (၉)နာရီခွဲအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မြစ်သားမြို့နယ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် Fitness Dance ပြိုင်ပွဲနှင့် နံရံကပ်စာစောင်များပြသ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အကြိုအထိမ်းအမှတ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော Fitness Dance ပြိုင်ပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များပြသမှုကို ယမန်နေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်များ ပြသ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်များပြသခြင်းကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန် တွင်ကျင်းပခဲ့သည်။

သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြို ဟော ပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ မွန်းတည့် (၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ် ရပ်ကွက်များအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးစစ်ဆေးအသိပညာပေးခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ ရပ်ကွက်များအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးစစ်ဆေးအသိပညာပေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူများက ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းမှစ၍ ဆိပ်ကြီးအနောက်ရပ်ကွက်တွင်  ဆောင်ရွက်လျက်ရှိသည်။

နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမ၌ ပုံပြောပြိုင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများဖြင့် ပုံပြောပြိုင်ပွဲပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့သည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းဦးဆောင်သောအဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံဖြိုးရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ပြိုင်ပွဲများကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆက်လက်ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် ၂၀၂၄ ခုနှစ်၊‌ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၇) နှစ်‌ မြောက်ပြည်‌ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းသား၊ ကျောင်းသူလူငယ်များဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် လုင်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ(၁)နာရီအချိန်က ကျင်းပခဲ့သည်။

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်(အကြို) အထက်တန်းအဆင့် အထွေထွေ ဗဟုသုတ ဉာဏ်စမ်းပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် (အကြို) အထက် တန်းအဆင့် အထွေထွေ ဗဟုသုတ ဉာဏ်စမ်းပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁:၃၀ နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။

အိမ်မဲမြို့နယ် Community Centre ခန်းမတွင် Club အဖွဲ့များပူးပေါင်း၍ စာဖတ်ဝိုင်း ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် Book Club ၊ Youth Club ၊ Women Club အဖွဲ့တို့မှ ပူးပေါင်း၍ စာရေးဆရာဒေါက်တာခင်မောင်ညို၏ “လူငယ်နှင့်အကောင်းဆုံးဘဝကိုတည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ (၁)နာရီအချိန်တွင် ကျင်းပခဲ့သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ