ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာကြည့်တိုက်ပညာသင်တန်း ဖွင့်လှစ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း တိုင်း၊ ခရိုင်၊ မြို့နယ်များတွင်တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် စာကြည့်တိုက်လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နိုင်စေရန်နှင့် Digital Library Management System(DLMS) အား စနစ်တကျ အသုံးပြုတက်စေရန် ရည်ရွယ်၍ စာကြည့်တိုက်ပညာသင်တန်းကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ် ပေကုန်းကျေးရွာ ကန်လယ်မင်းကျောင်းတိုက်တွင် အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ကလေးစာဖတ်ဝိုင်း ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြင်ပအသိပညာဗဟုသုတတိုးပွားစေရန်နှင့် အပူဒဏ်အန္တရာယ်ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို သိရှိစေရန် ရည်ရွယ်၍ အပူဒဏ်အန္တရာယ်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် ကလေးစာဖတ်ဝိုင်းကို ယနေ့နံနက် ၈ နာရီက ပေကုန်းကျေးရွာ ကန်လယ်မင်းကျောင်းတိုက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒက္ခိဏခရိုင်ရုံး ပြည်သူ့စာကြည့်တိုက်၌ စာပေဝါသနာရှင်များက စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့် အတွေးအမြင်ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာ စိုးတင့်(ဧရာဝတီ) ရေးသားထားသည့် “ကံ ကံ၏အကျိုးပေးနှင့် ဖြစ်ရပ်မှန်ဝတ္ထုတိုများစုစည်းမှု” စာအုပ်ဖြင့် ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး၊ ပြည်သူ့စာကြည့်တိုက်၌   စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

မုံရွာမြို့တွင် စာရေးဆရာမောင်ခင်မင်(ဓနုဖြူ)၏ "အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ" စာအုပ်ဖြင့် (၈၄)ကြိမ်‌မြောက် စာဖတ်ဝိုင်းပြုလုပ်

မုံရွာ ဧပြီ ၇ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် လူငယ်များ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ စာရေးဆရာမောင်ခင်မင်(ဓနုဖြူ)ရေးသားသော "အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ"စာအုပ်ဖြင့် (၈၄)ကြိမ်မြောက်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်က မုံရွာခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် Digital Library Management System (DLMS) ရေးသွင်းနည်းသင်တန်းဆင်းပွဲ ကျင်းပ

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Digital Library Management System (DLMS) ရေးသွင်းနည်းသင်တန်းဆင်းပွဲအား ဧပြီလ ၅ ရက်နေ့ နေ့လယ်၁နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်တံတားမြို့နယ်တွင် စာရေးသားနည်း သင်တန်းဆင်းပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာ့အလင်းခေတ်မီစာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် (၁၁:၀၀)နာရီအချိန်က လေအန်ကုန်းစာပေရပ်ဝန်းမှ စာရေးဆရာများ၊ စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club) တို့ပူးပေါင်း၍ စာရေးသားနည်းသင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖ ဦးသိန်းနိုင်၊ လေအန်ကုန်းစာပေရပ်ဝန်းမှ တာဝန်ရှိသူများစာရေးဆရာများ၊ သင်တန်းနည်းပြဆရာစာရေးဆရာ သိင်္ခသူနှင့် စာရေးဆရာ နောင်အံ့လူ၊ သင်တန်းသား/သင်တန်းသူများ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်၊၊

နွားထိုးကြီးမြို့နယ် Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ယနေ့နံနက် (၁၀)နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍ စာရေးဆရာ လယ်တွင်းသားစောချစ်၏ ပန်းလိုချင် အပင်ပျိုးတက်မှ စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း  သိရသည်။

ချမ်းမြသာစည်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခမ်းအနားမှူးသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်တွင်အခမ်းအနားတစ်ခုအား အောင်မြင် ပြည့်စုံစွာ ပြီးမြောက်စေရန်နှင့် အခမ်းအနားမှူးတာ၀န်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သောအခမ်းအနားမှူး သင်တန်း၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။

မိတ္ထီလာမြို့နယ်တွင် အခြေခံကဗျာရေးစပ်နည်းလမ်းညွှန်သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

မိတ္ထီလာမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံကဗျာရေးစပ်နည်းလမ်းညွှန်သင်တန်း ဆင်းပွဲအခမ်းအနားကို ဧပြီလ ၅ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အလယ်တန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ ကျောင်းသား၊ ကျောင်းသူများ နှုတ်မှုစွမ်းရည် ပြည့်ဝစေရန်အလယ်တန်းအဆင့် ကဗျာ ရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲကို ဧပြီ ၅ ရက် နံနက် ၉ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ