ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာပေချစ်မြတ်နိုးသူများပါဝင်သည့် Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို လစဥ်ကျင်းပလျက်ရှိရာ ယနေ့နံနက် ၁၁ နာရီအချိန်က စာရေးဆရာတက္ကသိုလ်ဘုန်းနိုင်၏ သူ့ကျွန်မခံပြီစာအုပ်ဖြင့် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ဆိပ်ကြီးခနောင်တိုမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ နွေရာသီအခြေခံအင်္ဂလိပ်စာသင်တန်း အခမဲ့ဖွင့်လှစ်သင်ကြားပေး

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အင်္ဂလိပ်စာဘာသာရပ်ကို အခြေခံမှစ၍ ကျွမ်းကျင်တတ်မြောက်စေရန်ရည်ရွယ်၍ နွေရာသီအခြေခံအင်္ဂလိပ်စာသင်တန်းကို မေလ (၁) ရက်နေ့ နေ့လယ် ၁ နာရီအချိန်မှစ၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ သင်တန်းတွင် အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးတို့အား အင်္ဂလိပ်စာဆရာ ဦးအောင်ကျော်ဆန်းမှ အခြေခံအင်္ဂလိပ်စာသဒ္ဒါ၊ အခြေခံအင်္ဂလိပ်စကားပြောတို့အား ကျောင်းသား၊ ကျောင်းသူများ စနစ်တကျရေးဖွဲ့ပြောဆိုတတ်စေရန် သင်ကြားပေးလျက်ရှိပြီး၊ သင်ခန်းစာများကို မေ ၁၀ ရက်နေ့အထိ နေ့စဉ် နေ့လယ် ၁ နာရီမှ ညနေ ၃ နာရီအထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၏ စီစဥ်ညွှန်ကြားမှုဖြင့် တောင်တွင်းကြီးမြို့နယ်အတွင်း မျက်စိတိမ်ရောဂါ ကင်းစင်ပပျောက်ရေး ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၏ စီစဥ်ညွှန်ကြားမှုဖြင့် တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများက ချောင်းနက်(အရှေ့၊ အနောက်)ကျေးရွာများတွင် ယမန်နေ့နံနက် (၉)နာရီအချိန်က မျက်စိတိမ်ရောဂါ ကင်းစင်ပပျောက်ရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ အခြေခံအင်္ဂလိပ်စာသင်တန်းဆင်းပွဲကျင်းပ

နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း၊ ကျောင်းသားကျောင်းသူလူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရန်နှင့် အသိပညာအတတ်ပညာများ ဖွံ့ဖြိုးတိုးတက် လာစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ အခြေခံအင်္ဂလိပ်စာ သင်တန်း (အခမဲ့) ဖွင့်လှစ်လျက်ရှိရာ ယနေ့မွန်းတည့် (၁၂) နာရီအချိန်က သင်တန်းဆင်းပွဲ ကျင်းပသည်။

ပြည်မြို့၊ ပန်းဘဲတန်းမူလွန်ကျောင်းသို့ အသိပညာပေးခြင်း ကွင်းဆင်းဆောင်ရွက်

ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာဗဟုသုတ ကြွယ်ဝစေရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်၍ နယ်လှည့်အသိပညာပေးဟောပြောခြင်း၊ သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များပြသခြင်းနှင့် စာအုပ်စာစောင်များပြသပေးခြင်း အစီအစဥ်ကို ယမန်နေ့နံနက် ၉ နာရီက ပြည်မြို့၊ ပန်းဘဲတန်းမူလတန်းလွန်ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ဇမ္ဗူသီရိမြို့နယ်၊ သုတဘဏ်စာကြည့်တိုက်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် ပြိုင်ပွဲများကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အောင်ဇမ္ဗူရပ်ကွက်၊ သုတဘဏ်စာကြည့်တိုက်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ နွေရာသီကျောင်းပိတ်ရက် ကျောင်းသား၊ ကျောင်းသူများအား ဖိတ်ခေါ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် ပြိုင်ပွဲများကို ယနေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ဒေးဒရဲမြိုနယ် (Community centre) ခန်းမ၌ အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်စေရေး အခြေခံမုန့်လုပ်နည်း (အခမဲ့) ဖွင့်လှစ်သင်ကြား

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ အိမ်တွင်းမှုလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် မိသားစုအပိုဝင်ငွေ တိုးပွားစေရေးရည်ရွယ်၍ မုန့်လုပ်နည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၁) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ငါ့သရောက်မြို့ တွင်  Mobile Library  စနစ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာစောင်များ ငှားရမ်းပေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ စာပေဖတ်ရှုရာမှ ရရှိသည့် ပညာဗဟုသုတများ  တိုးပွားစေရန် စာအုပ်စာစောင်များကို Mobile Library စနစ်ဖြင့် ဌာနဆိုင်ရာ ရုံးများအရောက် ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၉  နာရီအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် မြို့မီးသတ်ဦးစီးဌာနရုံးများရှိ ဝန်ထမ်းများအား စာအုပ်စာစောင် များကို(အခမဲ့) ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထားဝယ်မြို့တွင် ဌာနဆိုင်ရာရုံးများသို့ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် သုတ/ရသစာအုပ်စာစောင်များ ငှားရမ်းပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန်၊ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ် စာစောင်များတင်ဆောင်၍ လှည့်လည်ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ဌာနဆိုင်ရာရုံးများသို့ သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း‌၍ စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားသည့် “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့်ပြုလုပ်သော စာဖတ်ဝိုင်းကို ယမန်နေ့ညနေပိုင်းက အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ