ကျောက်တန်းမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လူထုအသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်းနှင့်အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာဖြစ်သော အနောက်ပိုင်းရပ်ကွက် လမ်းမတော်လမ်းရှိ ၂၁၆ စျေးရှေ့တွင် ၂၀၂၄ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရန်အတွက် လူထူအသိပညာပေး ဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့နံနက်၈ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။