ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

စာဖတ်သူများလက်ဝယ်အရောက် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊စာစောင်များငှားရမ်းပေး

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့တွင် မြို့နယ်ရုံးဝန်ထမ်းများက တောင်သာရပ်ကွက်နှင့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတို့သို့ သွားရောက်ငှားရမ်းပေးကြသည်။

ကျွန်းလှ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာဖတ်ဝိုင်းနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စက်တင်ဘာ ၁၆ ရက်နေ့ နံနက် ၉ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာ‌ပေးဟောပြော၊ စာဖတ်ဝိုင်းနှင့် ပြပွဲပြိုင်ပွဲများ ကျင်းပကြောင်း သိရသည်။

သရက်ချောင်းမြို့ မူလတန်းကြိုကျောင်း၌ ကလေးများ၏ ကျောင်းတွင်း ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် လူမှုဝန်ထမ်းဦစီးဌာန၊ မူလတန်းကြိုကျောင်းတွင် မူလတန်းကြို ကလေးများ၏ ဉာဏစွမ်းရည်ပြိုင်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို အဆိုပါကျောင်းခန်းမ၌ ယနေ့ နံနက် ၉  နာရီအချိန်က ကျင်းပခဲ့သည်။

မုဒုံမြို့နယ် Community Center ခန်းမ၌ “လူကုန်ကူးမှုတားဆီးကာကွယ်ရေး” အသိပညာပေး Talk Show ပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center ခန်းမ၌ ယနေ့ နံနက်(၁၀)နာရီက “လူကုန်ကူးမှု တားဆီးကာကွယ်ရေး” အသိပညာပေးဆွေးနွေးပွဲ Talk Show ကိုပြုလုပ်သည်။

ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာ(အ.ထ.က)ကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ပိုမိုထက်မြက်လာစေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၁ နာရီက ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က လူငယ်ရေးရာအသိပညာပေး ဆွေးနွေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျောင်းကုန်းမြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

မြင်းမူမြို့ ပြည်သူ့စာကြည့်တိုက်တွင် စာပေဝါသနာရှင်များ စုပေါင်း၍ စာဖတ်ဝိုင်း ကျင်းပ

စာဖတ်သူတိုးပွားရေးနှင့် စာဖတ်ရှု့သူအချင်းချင်း တွေ့ဆုံကာ စာပေအသိခြင်း ဖလှယ်ရန်အတွက် စုပေါင်းစာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲကို စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ ပြည်သူ့စာကြည်တိုက်တွင် ယနေ့ နံနက်ပိုင်းကပြုလုပ်ခဲ့သည်။

ညောင်တုန်းမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမ၌ ကိုဗစ်- ၁၉ ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မအူပင်ခရိုင်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမ၌ စားသုံးကာကွယ်ရေး အသိပညာ‌ပေး Talk Show ကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စာဖတ်ဝိုင်းပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၊ Community Centre ခန်းမဆောင်တွင် ယမန်နေ့ ညနေ (၃)နာရီအချိန်က စာရေးဆရာ အောင်နှင်းရေးသားသော စာသင်ခွင့်ရ တခဏနှင့် ပညာတော်သင်ကာလ အမှတ်တရများ စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ