ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ဘုတ်ပြင်းမြို့နယ် Community Centre ခန်းမတွင် ပင်လယ်ရေသတ္တဝါမွေးမြူရေး အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့နယ်ရုံး Community Centre ခန်းမတွင် ပင်လယ်ရေသတ္တဝါမွေးမြူရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။

ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှါးရမ်းပေးခြင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့  သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် လူထုအကျိုးပြု စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို အပတ်စဉ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပြည်သူ့ဆေးရုံကြီး ဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ညောင်ဦးမြို့ ပြည်သူများအတွက် အမှတ် ၄၁၅ ခြေမြန်တပ်ရင်းမှ စားသောက်ကုန်များ အား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ပြည်သူများအတွက် ညောင်ဦးမြို့နယ်၊ အမှတ်(၄၁၅) ခြေမြန်တပ်ရင်းမိသားစုမှ စားသောက်ကုန် ပစ္စည်းများအား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် ၇ နာရီခွဲအချိန်က အမှတ်(၃) ရပ်ကွက် မဏိစည်သူဈေး၊ ဈေးခေါင်းရုံးရှေ့တွင် ရောင်းချပေးခဲ့ကြောင်းသိရသည်။

ရွှေဘိုခရိုင်ရုံး(Community Centre)ခန်းမတွင် က​လေးလုပ်သားပ​ပျောက်ရေး အသိပညာပေး (Talk Show)ဆောင်ရွက်

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် က​​လေးလုပ်သားပ​ပျောက်​ရေး အသိပညာ‌ပေး(Talk Show)ကို ယမန်နေ့ ည​နေ၄နာရီအချိန်က ဆောင်ရွက်ခဲ့​ကြောင်းသိရသည်။

ရွှေကျင်မြို့နယ်တွင် ယာဉ်အန္တရာယ် ကင်းစင်စေရန်အတွက် ကား၊ ဆိုင်ကယ်များ ယာဉ်စည်းကမ်းနှင့် အညီ မောင်းနှင်ရန် စစ်ဆေး အသိပညာပေးခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာပြီး စနစ်တကျ မောင်းနှင်နိုင်စေရေး အတွက် ယနေ့ နံနက် ၉ နာရီအချိန်က မြို့အဝင်မင်္ဂလာမုဒ်ဦးတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များ၊ ရဲတပ်ဖွဲ့များ၊  မီးသတ်တပ်ဖွဲ့များ ပူးပေါင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းပျဉ်းမြို့၊ အထက၌ ပထမအကြိမ် ဆို−က−ရေး−တီး ပြိုင်ပွဲကျင်းပပြုလုပ်

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊   ကျိုင်းတုံခရိုင်၊    မိုင်းပျဉ်းမြို့၊  အခြေခံပညာအထက်တန်းကျောင်း၏  ပထမအကြိမ် ဆို−က−ရေး−တီးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်း နဝဒေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။

စာဖတ်သူများလက်ဝယ်အရောက် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊စာစောင်များငှားရမ်းပေး

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ် အရောက် လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများ အရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့တွင် မြို့နယ်ရုံးဝန်ထမ်းများက တောင်သာရပ်ကွက်နှင့် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းတို့သို့ သွားရောက် ငှားရမ်းပေးကြသည်။

ပျော်ဘွယ်မြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ပူးပေါင်းကာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် (၁၀)နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့်စာအုပ်ပြပွဲ ဆောင်ရွက်

ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲကို ယနေ့နေ့လယ်  ၁ နာရီက ဦးစီးဌာနရုံးရှိ Community Centreခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ