ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ရေတာရှည်မြို့နယ် (Community Centre) ခန်းမ၌ ဗိုလ်ချုပ်​အောင်ဆန်းပုံတူ ပန်းချီပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

ပဲခူးတိုင်း​​ဒေသကြီး၊ ​တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန (Community Centre) ခန်းမ၌ ဗိုလ်ချုပ်အောင်ဆန်းပုံတူ ပန်းချီပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကို ယ​မန်နေ့ နေလယ် ၁ နာရီအချိန်က စတင်၍ ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့သည်။

ညောင်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန၌ ဟောပြောပွဲနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်၊ ကြက်ခြေနီတပ်ဖွဲ့၏ ကိုဗစ်-၁၉ ဖြစ်ပွားစဉ်ကာလတွင် ပူပေါင်းဆောင်ရွက်မူအကြောင်း အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ပူပေါင်း၍ ကိုဗစ်-၁၉ ဖြစ်ပွားစဉ်ကာလအတွင်း သိကောင်းစရာအသိပညာ Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့သည်။

၁၀၂ ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

နိုဝင်ဘာ ၁၇ ရက်နေ့တွင်ကျရောက်မည့် ၁၀၂ ကြိမ်မြောက်အမျိုးသားအောင်ပွဲနေ့အကြို နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်လူထု အခြေပြုဗဟိုဌာန(Community Center)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်ကကျင်းပခဲ့ကြောင်း သိရသည်။

သွေးလွန်တုတ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show)ကျင်းပ

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကို ယနေ့မွန်းလွဲ(၁)နာရီတွင် လူထုအခြေပြုဗဟိုခန်းမ၌ ကျင်းပခဲ့သည်။

ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေး

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ် အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက သကြားစက်ရုံဝန်ထမ်းများအား သွားရောက်ငှားရမ်း ပေးကြသည်။

မဟာအောင်မြေမြို့နယ်၊ ကလေးစာဖတ်ခန်း၌ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ကလေးစာဖတ်ခန်း၌ ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့ မွန်းလွဲ(၁)နာရီက ကျင်းပဆောင်ရွက်ပေးခဲ့သည်။

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းနှင့် စာအုပ်လှူဒါန်းပွဲကျင်းပ

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)တို့ပူးပေါင်း၍ စာ ရေးဆရာချစ်နိုင်(စိတ်ပညာ)၏ ခေါင်းဆောင်မှု လျှို့ဝှက်ချက်စာအုပ်အား ဖတ်ရှုဆွေးနွေးသည့်စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၁)နာရီက လူထု အခြေပြုဗဟိုဌာန သင်တန်းခန်းမတွင် ကျင်းပပြုလုပ်သည်။

ဒလမြို့နယ်တွင် စာအုပ်၊ စာစောင်များ Mobile Library စနစ်ဖြင့်ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များအခမဲ့ဌားရမ်းပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအုပ်ချုပ်ရေးမှူးရုံးသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။

ညောင်လေးပင်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ပြည်သူများစာပေကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကိုနားလည်စေရန်နှင့် အပြန်အလှန် ဆွေးနွေးတတ်သည့်းအလေ့ အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ