ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ကလိန်အောင်မြို့  လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိ ပညာပေး‌ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ငါန်းဇွန်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နံရံကပ်စာစောင်/ဓာတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ယနေ့နံနက် ၁၀နာရီက စာဖတ်ရှိန်မြှင့်တင်ရေး နံရံကပ်စာစောင်/ဓာတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ် Community Centre ခန်းမတွင် ပန်းချီပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် အသိပညာ‌ပေးဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပန်းချီပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် က‌လေးအလုပ်သမားပ‌ပျောက်ရေး အသိပညာ‌ပေးဟောပြောပွဲကို ယမန်နေ့နေလယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများအား နယ်လှည့်စာကြည့်တိုက်အကြောင်း ဟောပြောပွဲ ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်ဓါတ်ပုံပြပွဲ လုပ်ငန်းများကွင်းဆင်းဆောင်ရွက်

တံတားဦးခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား/သူများအား ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းအဖြစ် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်ဓါတ်ပုံပြပွဲလုပ်ငန်းများကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့နယ် သင်ပန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ပေးကြောင်းသိရသည်။

ဒလမြို့နယ်တွင် စာအုပ်၊ စာစောင်များ Mobile Library စနစ်ဖြင့်ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များအခမဲ့ဌားရမ်းပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်လျှပ်စစ်ရုံးသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။

တံတားဦးမြို့နယ် မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre)ခန်းမ၌ လူမှောင်ခို လူကုန်ကူးမှု အသိပညာပေးဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပ

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများအား လူမှောင်ခိုလူကုန်ကူးမှု အသိပညာပေးဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတို့ကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre)ခန်းမ၌ ကျင်းပကြောင်းသိရသည်။

စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊စာစောင်များငှားရမ်းပေး

ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် ငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့တွင် မြို့နယ်ရုံးဝန်ထမ်းများက ခေတ်ရှေ့ဆောင်ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် မြို့မဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ငှားရမ်းပေးကြသည်။

ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အသံညစ်ညမ်းခြင်းဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ

ပြင်ဦးလွင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး Talk Show ကျင်းပခဲ့သည်။

သရက်ချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ တိုင်းရင်းဆေးပညာ အသိပညာပေးဟောပြောခြင်းကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက်၁၀နာရီခွဲအချိန်က တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ရေဖြူမြို့နယ်တွင် ကျောင်းသူကျောင်းသားများ စာဖတ်ရှိန်မြင့်မားရန် အ-ထ-က ရေဖြူ ကျောင်း၌ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ အ-ထ-ကရေဖြူကျောင်းတွင် ကျောင်းသူကျောင်းသားလူငယ်များ စာဖတ်ရှိန်မြင့်မားရေးအတွက် ရေဖြူမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူ့ဝန်ဆောင်မှု နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေး ခြင်းကို ယနေ့ နံနက်(၉)နာရီက အ-ထ-ကရေဖြူ ကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ