ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ပေါက်ခေါင်းမြို့၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များစုပေါင်း၍ စာရေးဆရာ အောင်သင်း ရေးသားသော “ပညာနှင့်ကန်တော့ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။

လှည်းကူးမြို့နယ်တွင် တိုင်းရင်းဆေးပညာအကြောင်း အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့တွင် ဒေသနေပြည်သူများ တိုင်းရင်းဆေးပညာ အကြောင်းကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ဗဟုသုတရရှိစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့် မြို့နယ် တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ တိုင်းရင်းဆေးပညာအကြောင်း အသိပညာပေး (TalkShow) ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရေဖြူ မြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ပန်းချီဆွဲပြိုင်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင်  ကျောင်းသား၊ ကျောင်းသူများအား ဥာဏ်ရည်ရည်သွေး ထက်မြက်စေရန်နှင့် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန် ရည်ရွယ်၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ပန်းချီဆွဲပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်ကကျင်းပခဲ့သည်။

မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

မိတ္ထီလာမြို့ ခရိုင်ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျောင်းသူ၊ကျောင်းသားများ စာဖတ်ရှိန်မြှင့်တင်ရန်နှင့် စဉ်းစားတွေးခေါ်မှုအသိဉာဏ်ပညာများ တိုးတက်ဖွံ့ ဖြိုးစေရန်ရည်ရွယ်ချက်ဖြင့် ယနေ့နံနက် ၉ နာရီအချိန်က ဆေးရာင်ခြယ်ပြိုင်ပွဲကို ကျင်းပခဲ့ကြောင်းသိရသည်။

ကျောက်တန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဝါသနာတူ ကလပ်အသင်းများပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

ပြည်သူများစာပေကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကိုနားလည်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အတွေးအခေါ်ဗဟုသုတများရရှိလာစေရန်၊ အမှားအမှန်ဝေဖန်ပိုင်ခြားနိုင်စေရန် နှင့်အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်ရည်ရွယ်၍  ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ဝါသနာတူကလပ်အသင်းများစုစည်းပြီး စာရေးသူကျော်ဝင်းရေးသားထားသည့် “နှစ်ဆယ့်တစ်ရာစုသားရွှေဥ” စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်၌ တန်ဆောင်မုန်းလပြည့်နေ့အကြောင်း သိကောင်းစရာ (TALK SHOW) ဆွေးနွေးပွဲ ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများ(Book Club)တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် တန်ဆောင်မုန်းလပြည့်နေ့အကြောင်း သိကောင်းစရာ အသိပညာပေး(Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။

မြင်းမူမြို့နယ် ပြန်/ဆက် ဦးစီးဌာနတွင် ရေချိုသယံဇာတကဏ္ဍ၏အရေးပါပုံ အသိပညာပေး Talk Show ကျင်းပ

မြင်းမူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနတို့ ပူးပေါင်း၍ “ရေချိုသယံဇာတကဏ္ဍ၏အရေးပါပုံ” အသိပညာပေး Talk Show ကျင်းပခြင်းကို နိုဝင်ဘာလ (၃) ရက်၊ နံနက်ပိုင်းက မြင်းမူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဝါးခယ်မမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆ နှင့်ပတ်သက်၍ အသိပေးထုတ်ပြန်ချက်အား Talk Show ဆောင်ရွက်

ဝါခယ်မမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆ နှင့်ပတ်သက်၍ အသိပေး ထုတ်ပြန်ချက်အား ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၌ Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။

(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာအုပ်ပြပွဲကျင်းပ

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကျရောက်သည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့၊ နံနက် (၁၁) နာရီက ဟောပြောပွဲနှင့် စာအုပ်ပြပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေးရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေး

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက အ.ထ.က (ညောင်ပင်သာ)၊ အ.ထ.က(သကြားစက်)နှင့် သကြားစက်ရုံဝန်ထမ်းများအား သွားရောက်ငှားရမ်းပေးကြသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ