ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစနစ်ဖြင့် စာအုပ်များလှည့်လည်ငှားရမ်းပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာပေချစ်မြတ်နိုးသူများအနေဖြင့် စာအုပ်စာပေများကို စဉ်ဆက်မပြတ် ဖတ်ရှုနိုင်ရေးနှင့် စာဖတ်သူဦးရေ တိုးပွားလာစေရေးတို့ကို ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုတစ်ရပ်အနေဖြင့် ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ဌာနဆိုင်ရာရုံးများသို့ လှည့်လည်ကာ သုတ၊ ရသစာပေများကို အခမဲ့ငှားရမ်းပေးသည်။

ပေါက်ခေါင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ အခြေခံကဗျာရေးဖွဲ့နည်းသင်တန်းဖွင့်လှစ်

ပေါက်ခေါင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက အခြေခံကဗျာရေးဖွဲ့နည်းသင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာ အောင်သင်းရေးသားသည့် နှလုံးသားကိုလေးပေါ်တင်၍ ပစ်သောအခါ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့တို့ပူးပေါင်း၍( Community Centre) ခန်းမတွင် ကျောင်းသား၊ လူငယ်များစာပေဖတ်ရှုသည့် အလေ့အကျင့်များ ရရှိစေရေး၊ တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရေးစာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရေး၊ မိဘဆရာများအပေါ် ရိုသေကိုင်းရှိုင်းတတ်စေရန်ရည်ရွယ်၍ စာရေးဆရာ အောင်သင်းရေးသားသည့် နှလုံးသားကို လေးပေါ်တင်၍ ပစ်သောအခါစာအုပ်ဖြင့် ယနေ့ မွန်းလွဲပိုင်းက စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါင်းတည်မြို့နယ်တွင် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့်စာဖတ်ဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏အတွေးအခေါ်အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော  အသိအမြင်ဗဟုသုတများကိုအသုံးချ၍ တန်ဖိုးရှိသော လူမှုဘဝများဖြစ်လာစေရန်၊ ဗဟုသုတရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၉:၀၀)နာရီက ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)၌  (၁၀၂)မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အကြိုစာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ကြီးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားနည်းစနစ်များအကြောင်း အသိပညာပေးဟောပြောခြင်းနှင့် အားကစားပစ္စည်းပေးအပ်ထောက်ပံ့ခြင်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မအူပင်ဆိပ်ကျေးရွာအုပ်စု ကပ်ကျေးဆိပ်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် ၈ နာရီအချိန်ခန့်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားနည်းစနစ်များအကြောင်း အသိပညာပေးဟောပြောခြင်းနှင့် အားကစားပစ္စည်းများ ပေးအပ်ထောက်ပံ့ပေးအပ်ခြင်းများ‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယမန်နေ့ကစာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် ပြိုင်သမျှအနိုင်ရမှစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ လူကုန်ကူးမှုအန္တရာယ်အကြောင်း သိရှိနိုင်စေရန်ရည်ရွယ်၍  လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

လှည်းကူးမြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက် (တန်ဆောင်မုန်းလဆုတ်၁၀ရက်နေ့)တွင် ကျရောက်မည့်(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့်စာအုပ်ပြပွဲကို ယနေ့ နံနက်(၉)နာရီက ကျင်းပခဲ့ကြောင်းသိရသည်။

ကလေးခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားစေရေး ရုံးတွင်းစာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားစေရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် စာကြည့်တိုက်လက်စွဲစာအုပ်ဖြင့် ဝန်ထမ်းများရုံးတွင်းစာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယ‌မန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ