ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

မေတ္တာမြို့ လူထုအခြေပြု​ဗဟိုဌာန(Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Commu nity Centre) ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အသင်းနှင့် ပူးပေါင်း၍ နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေ ၃ နာရီအချိန်က စာရေးဆရာ ကိုကိုလင်း(အမေ့အိမ်) ရေးသားထုတ်ဝေထားသည့်”လူ​ကြီးတွေက စပြင်ပါစာအုပ်ဖြင့် အသိပညာပေး စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့၌ စာဖတ်ရှိန်မြင့်မားလာရေးအတွက် Mobile Library Bus ဖြင့် ဌာနဆိုင်ရာများ/ကျောင်းများအရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စာပေနှင့်စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေ ငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် (Mobile Library Bus) ဖြင့် ယမန်နေ့ နံနက်က လေ့ကျင့်ရေးအလယ်တန်းကျောင်း၊ အ.မ.က(ကုန်းသာ)နှင့် ခရိုင်စိုက်ပျိုးရေးရုံးသို့ သုတရသ စာအုပ်စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက် ငှားရမ်းပေးခဲ့ကြသည်။

ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန  Community Centre ၌ (၁၀၂)နှစ်မြောက်၊ အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းကျင်းပ

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်သည့် (၁၀၂)နှစ်မြောက်၊ အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌  ယနေ့နံနက် ၁၀ နာရီက  စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် Community Center ခန်းမတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲ့နေ့အထိမ်းအမှတ် Talk Show ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် Community Center ခန်းမတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး Talk Showကို ယနေ့မွန်းလွဲ(၁)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဆိုတော်နေ့ ကျင်းပနိုင်ရေးအတွက် မြို့နယ်စာရေးဆရာအသင်းမှ ဆွေးနွေးပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်စာရေးဆရာအသင်းမှ စာဆိုတော်နေ့ကျင်းပနိုင်ရေးအတွက် ဆွေးနွေးပွဲ လုပ်ခဲ့ကြောင်းသိရသည်။

မံစီမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ    (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်နှင့် နံရံကပ်စာ စောင်ပြပွဲကျင်းပခဲ့ကြောင်း သိရသည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် လူထုအ​ခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အမျိုးသား​အောင်ပွဲအ​ကြောင်း သိ​ကောင်းစရာ များ အသိပညာပေး​(Talk Show)ဆောင်ရွက်

ရန်ကုန်တိုင်း​ဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ မွန်းလွဲပိုင်းက အမျိုးသား​အောင်ပွဲအ​ကြောင်း သိ​ကောင်းစရာများကို Talk Show အစီအစဉ်ပြုလုပ်၍ အသိပညာပေး​​ဆွေး​နွေး​ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးမှုဆောင်ရွက်

ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း အသိပညာပေး လုပ်ငန်းများကို အွန်လိုင်းမှတဆင့် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီတွင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးမှုကို ဒက္ခိဏခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ဆောင်ရွက်ခဲ့သည်။

သရက်ချောင်းမြို့နယ် Community Center ခန်းမတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ၁၃၈၄ခုနစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့တွင်ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုအသိပညာပေး(Talk show)ကို ယနေ့နံနက် ၁ ၁နာရီအချိန်က သရက်ချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center)ခန်းမ၌ ကျင်းပခဲ့သည်။

လှိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အသိပညာပေး(Talk Show)ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက် ၁၁ နာရီအချိန်က (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ