တံတားမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာပေဝါသနာရှင်များနှင့် (Book Club) အဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာအောင်သင်းရေးသားသည့် “နှလုံးသားကိုလေးပေါ်တင်၍ပစ်သောအခါ” စာအုပ်ဖြင့် ယနေ့မွန်းလွဲ (၁) နာရီအချိန်က စာဖတ်ဝိုင်းကျင်းပခဲ့သည်။