ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခမ်းအနားမှူးသင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ ယမန့်နေ့နံနက်(၁၀)နာရီအချိန်က မန္တ လေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ကလိန်အောင်မြို့တွင် စာဖတ်ရှိန်မြင့်မားရေး Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြင့်မား‌စေရန် ရည်ရွယ်ချက်ဖြင့် စာပေဝါသနာရှင်များ စာအုပ်စာပေများကို လွယ်လင့်တကူ ဖတ်ရှုနိုင်စေရန်အတွက် မြို့ထွေ/အုပ်ရုံးနှင့် အမှတ် (၃)ရပ်ကွက်ရှိ နေအိမ်များသို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြောင်း အသိပညာပေး Talk Showဆောင်ရွက်

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယနေ့နံနက် ပိုင်းတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show အစီအစဉ်ဖြင့် ဆွေးနွေးခဲ့ကြသည်။

စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင်ကလေးသူငယ်အခွင်အရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ Talk Show   ဆောင်ရွက်         

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်တွင်ပါ၀င်သည့် အချက်အလက်များကို တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်မြို့နယ်များတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ  မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်လည်း ယနေ့နံနက်(၁၁)နာရီ၌ ကလေးသူငယ်အခွင်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show  ဆောင်ရွက်ခဲ့သည်။

စဉ့်ကိုင်မြို့ လူထုအခြေပြုဗဟိုဌာနCommunity Centreခန်းမတွင်မသန်စွမ်းသူများနှင့် ပတ်သက်သည့်အသိပညာပေးဆွေးနွေးပွဲ  Talk  Show  ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုး သူများ အသင်းတို့ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီက လူထု အခြေပြုဗဟိုဌာနCommunity Centre ခန်းမတွင် မသန်စွမ်းသူများနှင့်  ပတ် သက်သည့်  အသိပညာပေးဆွေးနွေးပွဲ Talk  Show ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးဆိုင်ရာ သိကောင်းစရာTalk Show ပြုလုပ်

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူ ရေးဆိုင်ရာ သိကောင်းစရာ Talk Show အား ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ကော့သောင်း မြို့နယ်ဦးစီးမှူးရုံးတို့ပူးပေါင်းကာ ကော့သောင်းခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့ သည်။

မအူပင်မြို့နယ် Community Centre ခန်းမတွင် Book Club အဖွဲ့ စာဖတ်ဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊မအူပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာရေးဆရာအောင်သင်း ၏စာရိတ္တမာနစာအုပ် ဖြင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းBook Club အဖွဲ့ စာဖတ် ဝိုင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

မအူပင်ခရိုင်Community Centreခန်းမ၌ အသိပညာပေး(TalkShow)ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး ၊မအူပင်ခရိုင်၊ မအူပင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အတွေ့အကြုံရရှိစေခြင်းခေါင်းစဥ်ဖြင့်အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ ပြုလုပ်ခဲ့သည်။

လောင်းလုံးမြို့နယ်ရုံး၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုနံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရုံးတွင် လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံနှင့်ပတ်သက်၍ ပြည်သူများသိရှိစေရန် ရည်ရွယ်၍ ယမန်နေ့ ညနေ ၃ နာရီ အချိန်က (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြပွဲ ကို မြို့နယ်ရုံးရှိ နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်သည်။

ဖြူးမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ