ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဥတ္တရသီရိမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း(Book Club)အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များမှ စာရေးဆရာ မောင်မင်းစိုး ရေးသားသည့် လူငယ်နဲ့လူမှုရေး စာအုပ်ပါခေါင်းစဉ်များဖြင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့နံနက် ၉ နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့သည်။

ဖြူးမြို့နယ်တွင် ပြည်သူများထံသို့ စာအုပ်များ သွားရောက်ငှားရမ်းပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာအုပ်စာပေ ပိုမိုဖတ်ရှုနိုင်စေရန်နှင့် စာဖတ်ရှိန်မြှင့်စေရေးအတွက် ရည်ရွယ်ကာ ယနေ့နံနက်ပိုင်းက  သုတရသစာအုပ်စာစောင်များ၊ ကလေးစာပေများကို   လိုက်လံငှားရမ်း ပေးခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/သူ ၅၉၅ဦး ဝင်ရောက်ဖြေဆိုမည်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် မင်းလှမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ၌ ကျောင်းတွင်းဖြေဆိုသူပေါင်း ၈ ဦးရှိပြီး ပြင်ပဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ ၅၈၇ ဦး၊  စုစုပေါင်း ၅၉၅ ဦး   တက္ကသိုလ်ဝင်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုရန် လျှောက်လွှာများ တင်သွင်းထားကြောင်းသိရသည်။  

(ဆိပ်ကမ်း)မြို့နယ် Community Centre ခန်းမတွင် Women Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက်(၉:၃၀) နာရီအချိန်က ဒေါက်တာလှကြည် ရေးသားသော ဆီးချိုသွေးချိုနှင့် အဆင်ပြေအောင် စားသောက်နေထိုင်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ပါသည်။

စလင်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က စလင်းမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ မိုးလုံ လေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ငဖဲမြို့နယ် ပဒါန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

လူငယ်လူရွယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသား/သူများ ဗလငါးတန်နှင့်ပြည့်စုံစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် အခြေခံပညာဦးစီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ပဒါန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယမန်နေ့မွန်းလွဲ ၂ နာရီ အချိန်က လူငယ်စကားဝိုင်းကို ကျင်းပဆောင်ရွက်ခဲ့ရာ ဒုမြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ စုစုပေါင်း (၃၅၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များအား စာဖတ်သူလက်ဝယ်အရောက် ငှားရမ်းပေး

ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်စာရင်းစစ်ရုံးသို့ သွားရောက်၍ သုတ/ရသ စာအုပ် (၅၀) ကျော်ကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် တစ်ကိုယ်ရေ ကျန်းမာသန့်ရှင်းရေး  အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကျင်းပ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် တစ်ကိုယ်ရေ ကျန်းမာသန့်ရှင်းရေး အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကို ယမန်နေ့ နေ့လည်(၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကို ပုဗ္ဗသီရိမြို့နယ်ပြည်သူ့စာကြည့်တိုက်၌ ယနေ့မွန်းလွဲပိုင်းက ကျင်းပသည်။

မှော်ဘီမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများ ကလေးသူငယ်အခွင့်အရေးအကြောင်း သိကောင်းစရာများ သိရှိနိုင်စေရန် ရည်ရွယ်၍ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် (၁၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မှော်ဘီမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ