ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အမျိုးသမီးအခွင့်အရေးနှင့် လူမှုဝန်းကျင် အသိပညာပေး Talk Show ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် အမျိုးသမီးအခွင့်အရေးနှင့် လူမှုဝန်းကျင် အသိပညာပေး Talk Show ကို နံနက် ၁၁:၃၀ နာရီက ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမတွင် စာရေးဆရာမမြမဉ္ဇူဝေ(ကျုံမငေး)နှင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။